သို့ဖြင့် ဒေဝဘုရင်တစ်ယောက် မိမိသိမ်းပိုက်ထားသော ဒီပရတနာတိုင်းပြည်တွင်ခန့်အပ်ထားသည့်နယ်စားက ပုန်ကန်ထကြွနေသဖြင့် သွားရောက်နှိမ်နင်းရန် စစ်သည်အင်အားများစွာဖြင့် စစ်ချီထွက်လေသည်။ ဒေဝဘုရင်စစ်ချီထွက်သည့်အကြောင်းကို ရှင့်ဘုရင်စားဖိုဆောင်တွင် အလုပ်လုပ်နေသော ဝတီလည်းသိလေသည်။ ဝတီမှာလည်း သခင်မဆီသို့မသွားဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က ရိပ်မိမှာဆိုးသည့်အတွက်ကြောင့်ဖြစ်သည်။ ယခု ဒေဝဘုရင်က သူ့ကိုပုန်ကန်တဲ့နယ်စားကိုသွားပြီးနှိမ်နင်းနေတာဘဲ။ ဒါဆို...အလင်္ကါရူပတိုင်းပြည်ကိုဘယ်အချိန်မှများတိုက်လေမလည်း။ ဒေဝီသခင်မသိလောက်မယ်ထင်တယ်။ ဒါဆို ငါ ဒေဝီသခင်မဆီကိုသွားဖို့သင့်မယ်နဲ့တူတယ်။ သို့သော် သခင်မပြောသောစကားအချို့ကိုလည်းပြန်ကြားယောင်လာ၏။
"အကျွန်ုပ်နဲ့ဝေးဝေးမှာနေပေးပါ" ဆိုသောစကား။ ဒါကဘာကိုပြောတာလည်း..။ ငါ့ သခင်မရဲ့လက်မောင်းကိုကိုင်လိုက်တာနဲ့ သခင်မက ငါ့ကိုဒီစကားမျိုးပြောတယ်။ ဒါဆို သခင်မက ငါ့အနာဂတ်ကိုမြင်လိုက်ရလို့လား..။ ဘာလည်း...။ တစ်ခုခုဘဲ.... ။ ဝတီတစ်ယောက် အတွေးပေါင်းမြောက်မြားစွာနဲ့ ခေါင်းကိုခါရမ်းလိုက်လေသည်။ သခင်မနဲ့ဝေးဝေးမှာနေဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း....။ အကျွန်ုပ်မဏိရူပဝတီ သခင်မကိုစွဲလမ်းနေမိပြီလေ...။ သခင်မနဲ့ပတ်သတ်မိလို့ သေမယ်ဆိုရင်တောင် အကျွန်ုပ်သေဝံ့ပါတယ်...။ အကျွန်ုပ်လေ သခင်မကိုတော့တစ်ယောက် တည်းပစ်မထားနိုင်ပါဘူး...။ မြတ်နိုးရတဲ့.. သခင်မလေးရယ်..။ ဝတီတစ်ယောက် သခင်မရဲ့အကြောင်းကိုတွေးမိတိုင်း ရင်ထဲဝယ်တဆစ်ဆစ်နာကျင်လာ၏။ ပြီး သခင်မရဲ့နန်းဆန်ကာလှပလွန်းသောမျက်နှာလေးကိုသာလျှင်မြင်ယောင်လာမိ၏။ သခင်မနဲ့မတွေ့ဖြစ်တာ ဒီနေ့နဲ့ဆို သုံးရက်တောင်ရှိပြီပေါ့။ လွမ်းမိပါတယ်...သခင်မရယ်။
ထိုသုံးရက်အတောအတွင်း ဒေဝီသခင်မသည်လည်း မဏိရူပဝတီဟုခေါ်တွင်သော ထိုမိန်းကလေးကို လွမ်းဆွတ်တမ်းတမိလေသည်။ အကျွန်ုပ် အသင့်ကိုလွမ်းမိပါ၏ မဏိရူပဝတီ..။ အသင် နေရောကောင်းပါရဲ့လား..။ အကျွန်ုပ်အသင့်ကိုစိတ်ပူရပါ၏။ ဒေဝဘုရင်က အလင်္ကါရူပတိုင်းပြည်ကိုသိမ်းပိုက်ပြီးရင် အကျွန်ုပ်ကိုမိဖုရားခေါင်အဖြစ်တင်မြှောက်တော့မှာ။ အကျွန်ုပ်ဘယ်လိုလုပ်ရမလည်း။ အကျွန်ုပ် အသင့်ကိုတွေ့ချင်ပါဘိ...မဏိရူပဝတီ။ ထိုကဲဲ့သို့ သခင်မရဲ့စိတ်တွေသည်လည်း မဏိရူပဝတီဟုခေါ်တွင်သော ထိုမိန်းကလေးကိုသာလျှင် အချိန်ပြည့် အောက်မေ့နေမိသည်။
YOU ARE READING
ဒေဝီသခင်မ
Historical Fictionလူတစ်ယောက်ရဲ့ အတိတ်နဲ့လာမယ့်တစ်နှစ်တာအတွင်းဖြစ်ပေါ်လာမယ့် အနာဂတ် သို့မဟုတ် ယခုလက်ရှိပစ္စုပ္ပန်ကာလကိုကြိုတင်သိမြင်နိုင်စွမ်းရှိသော၊ စစ်ပွဲများ၏ အနိုင်အရှုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသော နတ်ဆရာမလေး နန်းဒေဝီနွယ်။ ရဲစွမ်းသတ္တိသာမက လက်ရုံးရည်၊နှ...