☘️ ကိုယ့်မြတ်နိုးရာလေး☘️
~One Shot Fic ~
" 10 လပိုင်းးတောင် ရောက်လာပြီပဲ! "
တည်ကြည်ချမ်းမြေ့ ကျောင်းဆရာအဖြစ်နဲ့ ဧရာဝတီတိုင်းဘက်ကရွာလေးတစ်ရွာကို တာဝန်နဲ့ရောက်နေတာ 4နှစ်နီးပါးကြာခဲ့ပြီ။တည်ကြည်က တစ်ကိုယ်တည်းသမားမို့ ဒီရွာလေးမှာပဲ အခြေချနေတာပင်။
ရွာလေးက လူသူအရောက်ပေါက်ာက်ပေါက်နည်းတဲ့ရွာလေးဖြစ်သလို ကျောင်းမှာစာသင်တဲ့ ဆရာ \ဆရာမ အရေအတွက်ကလည်း နည်းသည်။လူတော်တော်များများက ဒီလိုရွာလေးတွေကို မလာချင်ကြဘူး မဟုတ်လား။
ဒီဘက်ကရွာသားွာသားတွေကတော့ လူသူအရောက်ာက်နည်းတဲ့နေရာကို ခေါင်လို့ဆိုပြီး ပြောနေကြတော့ တည်ကြည်လည်း အဲ့ရွာသားလုံးလုံးဖြစ်နေပြီမို့ ကိုယ့်ကိုဆို တစ်ရွာလုံးက ဆရာလေး ဆိုပြီး တစ်ချိူ့သာခေါ်တော့သည်။
အခုလည်း ကလေးတွေရဲ့ ပထမနှစ်ဝက်စာမေးပွဲ ဖြေဖို့ရက်ကသိပ်မလိုတော့သလို ဖြေပြီးတာနဲ့ သီတင်းကျွတ်အတွက် တန်းပိတ်မှာ ဖြစ်တဲ့အလျောက် သူစာသင်နေတဲ့အတန်းက စားပွဲပေါ်ထောင်ထားတဲ့ Calendar ကိုကြည့်ကာ ရေရွှတ်လိုက်ခြင်းပင်။
"ဆရာ !"
ကလေးတွေကို လာမဲ့အပတ်အတွင်းဖြေရတော့မဲ့စာမေးပွဲအတွက် စာကျက်ခိုင်းထားရာက သူကို ခေါ်တာကြောင့်ထိုင်နေရာက ထကာ သူကိုခေါ်တဲ့ ကလေးတွေအနားကိုသွားလိုက်။
"ဘာပြောစရာရှိလို့လဲ ဗျ"
"သမီးတို့ သင်္ချာ page 229 ကဒီအပုဒ်လေးတွက်တာ ဖြေရှင်းမရလို့ဆရာ"
ကလေးတွေက သူ့ကိုတွက်ပုံတွက်နည်းမေးလာတယ်ဆို ကျန်တဲ့ကလေးတွေကိုပါ နားလည်လားမေးလိုက်တော့ စာတော်တဲ့ တစ်ချိူ့ကျောင်းသားတွေသာနားလည်ပြီး အများစုကနားမလည်တာမို့ သူဖြေရှင်းပြဖို့အတွက် အကုန်လုံးသိအောင် စာသင်ပုန်းမှာ မြေဖြူနဲ့ ရေးကာ ရှင်းပြလိုက်သည်။
ကလေးတွေက သူနဲ့တွေ့တဲ့အချိန်က စာသင်ချိန်ကလွဲ ကျန်တဲ့အချိန်ဆို အစ်ကိုတစ်ယောက်လို စကားပြောကြပင်မဲ့ စာသင်ရင်တော့ သူကစည်းကမ်းချထားတာမို့ တစ်ယောက်မှ မလေးမစားမလုပ်ရဲပေ။
YOU ARE READING
အစ်ကို
Short Storyမေရဲ့ပထမဆုံး ဝတ္ထုတိုဖြစ်ကာ စုစုပေါင်း Chapter 5 ပိုင်းအထိသာပါမှာဖြစ်တဲ့ သီတင်းကျွတ်လက်ဆောင် Fic လေးပါ💗