Part 22 ( Zawgyi )

407 23 5
                                    

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့အရာအားလုံးဟာပုံမှန်အတိုင်းသာဖြစ်ခဲ့လေ၏။

အရင်လိုသူ့ကိုပျော်အောင်စတတ်သောဝန်းရံသည်လည်းဟိုကိစ္စပြီးပြီးနောက်ပြန်ရောက်မလာခဲ့။တိုက်ခန်းတွင်လည်းလာမအိပ်သည်ကြောင့်စိတ်ပူမိသော်လည်းမိမိကသာအမှားလုပ်ထားသူဖြစ်တာကြောင့်ဘာမှမတတ်နိုင်။

သူမှားသွားတာကိုဝန်ခံပါသည်၊ဟန်သာရောက်လာတဲ့အချိန်မှာသူ့ကိုအပြစ်တင်မည်ဆိုးတာကြောင့်ပြောလိုက်မိခြင်း။ဟန်သာ့ကိုချစ်နေရတာနေဝန်းရံသာနှင့်တွဲသည်ဆိုသာသိသွားမှာကိုစိုးရိမ်ခဲ့သည်။ဟန်သာရဲ့ခွင့်လွှတ်မှုကိုသာမရသေးတဲ့သူအတွက်ထိုခနအတွင်းပြောလိုက်မိတဲ့စကားတွေဟာဝန်းရံသာအပေါ်ဤမျှခံစားရလိမ့်မည်လို့သူမတွေးခဲ့မိ။

အခုတော့သူ့ဘဋဟာအရင်တိုင်းပါ၊တစ်ယောက်ထဲနေ၊တစ်ယောက်ထဲရှင်သန်၊တစ်ယောက်ထဲဖြတ်သန်းရတော့သည်။

ရှင်းပြချင်သော်လည်းဝန်းရံနာကြည်းသွားသည်ဆိုသူသိသည်။ဒီရက်ပိုင်းအတွင်းဟန်သာ့ထက်ဝန်းရံအပေါ်အပြစ်လုပ်မိသွားသည်လို့ခံစားရတာကြီးကဆိုးဝါးလှသည်။တကယ်လို့များဝန်းရံနှင့်တွေ့ခဲ့မည်ဆိုရင် သူတောင်းပန်ပြီးဒီတစ်ခါတော့ဝန်းရံအပေါ်ကိုသာသူကြည့်တော့မည်ဖြစ်၏။

သို့သော်လည်းပြန်အဆင်ပြေဖို့ဆိုတာခက်သည်မှလား။

သက်ပြင်းအရှည်ကြီးချကာမျက်ဝန်းများဟာလည်းအဖော်မဲ့နေသောမင်းသူသည်စိတ်ထဲ၌မသိမသာဝန်းရံကိုလွမ်းလို့နေ၏။အချစ်ဦးထက်သူငယ်ချင်းကိုပိုလွမ်းခြင်းသည်မည်သို့သဘောထားသာဖြစ်မည်လော။

..................................

"ပထမစံအိမ်တော်သခင်လေးပါ"

"တောက်! အဲ့သောက်ကလေးကဘာလို့ဝင်ရှုပ်နေတာလဲ"

ဦးငြိမ်းအောင်၏တပည့်တစ်ယောက်ရဲ့အပြောကြောင့်ဦးငြိမ်းအောင်ဟာဒေါသထွက်သွားရခြင်း။ဟိုတစ်လောကဖြစ်သွားသည့်ကိစ္စမှာပစ္စည်းဂော၊သူ့လူတွေပါထိခိုက်ရခြင်းအရမ်းကိုခံရခက်စေသည်။

သေချာစုံစမ်းကြည့်တော့ပစ္စည်းလုသွားသူမှာတစ်ခြားသူများမဟုတ် တတိယစံအိမ်တော်ကဖြစ်၏။သို့သော်ပထမစံအိမ်မှသခင်လေးပါပါဝင်ပတ်သတ်နေရခြင်း သူ့ကိုဒေါသပိုလို့ထွက်စေသည်။

Mistakes that HurtWhere stories live. Discover now