(Unicode)
"ခဏလေး နေပါအုံး offroad"
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ခင်ဗျားမိဘတွေကို ကျွန်တော်သွားပြောလိုက်ရမလား"
"ကိုယ် ဘာများအမှားလုပ်ထားလို့ ဒီလောက်ခါးခါးသီးသီးဖြစ်နေရတာလဲ"
"ဟုတ်ပါတယ် ဟုတ်ပါတယ် ခင်ဗျားဘာအမှားမှမလုပ်ထားဘူး ကျွန်တော်ပဲအမှားတွေ လုပ်နေတာ ဖယ်"
"စကားပြောရအောင် ကိုယ့်အခန်းထဲလိုက်ခဲ့"
"ဖယ် ဇွဲခေတ်စောင့်နေတယ် စာသင်ချိန်နောက်ကျနေပြီ"
daouတစ်ယောက်ဘာမှပြန်မပြောဘဲ offroadလက်ကိုသာဆွဲပြီး သူ့အခန်းကိုခေါ်လာခဲ့သည်
"ခင်ဗျား ဘာဖြစ်ရပြန်ပြီလဲ ကျွန်တော့်ကို နှောက်ယှက်လို့မဝသေးဘူးလား"
offroadလက်ကိုဆွဲလိုက်ပြီးသူ့ခါးအားဖက်စေကာ daouဘက်မှလည်း offroad၏ခါးလေးကိုသိုင်းဖက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး သူ့ရင်ခွင်ထဲနစ်မြုပ်သွားအောင်ထိ တင်းကြပ်စွာဖက်ထားလိုက်သည်
"ချစ်တယ်"
နှစ်ယောက်လုံးဆီက ခေတ္တခဏအသံတိတ်ဆိတ်သွားပြီး ဖက်ထားလျက် အချိန်တွေရပ်တန့်သွားသလို နစ်မြောနေခဲ့သည်
ခဏအကြာမှ"ဖယ်ပါ ကျွန်တော်တို့က ယောင်္ကျားလေးတွေ အခြေအနေတွေကလည်းမိုးနဲ့မြေလို ကွာခြားပါတယ်"
"ကိုယ်တော့ ကိုယ်တို့နှစ်ယောက်ကြား ဘာကွာခြားချက်မှမရှိဘူးလို့ထင်တယ် ယောင်္ကျားလေးအချင်းချင်းလည်းချစ်လို့မရဘူးလို့ ဘယ်သူကပြောထားလို့လဲ"
"ခင်ဗျားအတွက်တော့ ကျွန်တော်ကပီကေလိုပါပဲ အချိုကုန်သွားရင်လွှင့်ပစ်လိုက်မှာ အဲ့ကြကျွန်တော့်ဘဝကတော့ ပျက်စီးပြီးကျန်နေခဲ့ရလိမ့်မယ်"
"မဟုတ်ဘူး မဟုတ်ဘူး မင်းတွေးနေသလိုတွေ တစ်ခုမှမဟုတ်ဘူး မင်းကကိုယ့်အတွက် တန်ဖိုးအရှိဆုံးနဲ့ အဆုံးရှုံးမခံနိုင်ဆုံးပဲ"
"ပတ်ဝန်းကျင်ကိုရော၊ ခင်ဗျားကလူကုန်ထံအသိုင်းအဝန်းထဲကလေ ခင်ဗျားကို ယောင်္ကျားလေးတစ်ယောက်နဲ့ကြိုက်နေပါတယ်ဆိုပြီး လူတွေဝိုင်းပြော ကဲ့ရဲ့ကြမှာ မရှက်ဘူးလား"
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်