Part 23 ( Zawgyi )

369 15 0
                                    

ခန္ဓာကိုယ်ရှိသွေးများစွာကိုရေဖြည့်ဆေးကြောရင်း၊စောနကပုံရိပ်များကိုပြန်တွေးမိကာ နှစ်ခြိုက်စွာပြုံးလိုက်မိသည်။

သူသတ်မှာကြောက်လွန်းလို့သွေးပျက်နေတဲ့မျက်နှာတွေဟာကြည့်လို့ကောင်းသည်။မသတ်ပါနဲ့ဆိုပြီးတောင်းဆိုနေတဲ့အသံတွေဟာနားဝင်ချိုသည်။သို့ပေမယ့် သူကတော့လွှတ်ပေးဖို့အစီအစဉ်မရှိ။ဒီထက်ဆိုးသည့်သတ်နည်းဖြင့်သာသတ်ဖို့စိတ်ထဲရှိ၏။

ဘယ်အရွယ်ထဲကသူ လူစသတ်ခဲ့လဲဆိုရင်လွန်ခဲ့တဲ့နှစ်၂၀ကျော်ကိုပြန်သွားရလိမ့်မည်။

ဦးငြိမ်းအောင်နဲ့ဒေါ်တည်သစ္စာတို့ရဲ့ဖောက်ပြန်မှုကိုပဲအစချီရလိမ့်မည်။သူတို့ဘာသာအားယားပြီး ဖောက်ပြန်ခဲ့ပြီးမှလူတွေရဲ့ထိုးနှက်မှုနဲ့နှိပ်စက်မှုများကိုသူကသာခံစားခဲ့ရသည်။

ငယ်ရွယ်တဲ့အချိန်မှာပါးရဲ့နှိပ်စက်မှုကိုသူကိုယ်တိုင်ခါးစီးခံခဲ့ရတာ၊မိခင်ဖြစ်သူသည်လည်းဘာထူးလဲ သူ့ကိုရိုက်နှက်နေခဲ့တာကြီးသာ။

မယားငယ်သားမို့ကျောင်းတက်စရာမလိုဘူးဆိုတဲ့ပါးရဲ့မယားကြီးစကားကြောင့်ဒီနေ့ချိန်ထိပညာဆိုတာဘာလည်းသူမသိခဲ့။သူ့ကိုစံအိမ်ကြီးထဲမှာခေါ်ထားသော်လည်းတစ်ယောက်ထဲပိတ်နှောင်မှုတွေကြားမှာနေခဲ့ရတာ။အဟက်....အစ်ကိုဖြစ်သူကရောသူ့ကိုကြင်နာဖူးခဲ့သည်မရှိ။

သူ့ဘဝကလှောင်အိမ်ထဲကတရိစ္ဆာန်ထက်တောင်ဆိုးဝါးသေးသည်။ထိုအကောင်တွေကသာအချိန်အစားစားပြီးအေးဆေးနေရဦးမည်။သူကတော့အချိန်မှန်လည်းမစားရ၊ရိုက်နှက်မှုကိုလည်းခံရသည်။

သူအပိတ်ခံထားရတဲ့အချိန်မှာ ကြွက်ကလေးတစ်ကောင်တွေ့လိုက်ရသည်။အဲ့ချိန်ခါကသူ့မှာစာနာမှုတွေမရှိတော့ဘူး၊သနားမှုတွေလည်းမရှိတော့ဘူး။

အဲ့ကြွက်လေးဟာတည်မြဲကိုကိုရဲ့ခြေထောက်ပေါ်ကိုဖြတ်ပြေးမိသွားတာကြောင့် တည်မြဲကိုကိုဟာထိုကြွက်လေးကိုရက်ရက်စက်စက်သတ်လိုက်ခြင်း။

အမှန်ဆိုသူလုပ်ဖို့မရည်ရွယ်ခဲ့ဘူး၊သူ့လက်ထဲရောက်နေတဲ့ကြွက်ဟာကူကဲ့ရာမယ့်ဖြစ်ကာရုန်းနေလို့သူသတ်လိုက်ခြင်း။ထိုအချိန်မှာသိသွားရသည်သူ့ကိုလုပ်တဲ့လူမှန်သမျှကိုသူကဦးအောင်သတ်နိုင်မှရမည်ဆိုတာပေ။

Mistakes that HurtWhere stories live. Discover now