Lee Hi (Ft. B.I) - Savior
🎶 ⏮_______⏯_______⏭🎶
''Australia မှာရှိနေတယ်လို့သတင်းရပါတယ် သခင်လေး!''
''ဒီညလေယာဥ်စီစဥ်ထားလိုက်! ''
''ဟုတ်ကဲ့''
ဟွီ သူ့ရဲ့လက်အောက်ကလူထွက်သွားမှခရီးဆောင်အိတ်ထဲလိုအပ်သလောက်ပိုက်ဆံထည့်ရသည်။ဒီတစ်ခေါက်ကလူသွားရှာမှာမို့ပုံမှန်လိုလက်နက်တွေအပြင်၊ပိုက်ဆံပါထည့်နေရသည်။တစ်ဖက်ကပြိုင်ဘက်အဖွဲ့ရဲ့ဖွက်ထားတဲ့တိတ်တိတ်ပုန်းသားလေးကိုရှာပြီးပြန်ပေးဆွဲဖို့ကသူ့အလုပ်မို့Australiaကိုသွားဖို့ပြင်ရတော့သည်။တစ်ဖက်လူအပေါ်စိတ်မကောင်းတော့မဖြစ်မိ။ဘာလို့ဆိုသူကသူနဲ့မသက်ဆိုင်တဲ့အရာဆိုရင်စိတ်ကိုမဝင်စားတာမလို့လေ။
...
''နာမည်က Kyungjun ဆိုတာကလွဲပြီးထပ်မသိရတော့ပါဘူး သခင်လေး''
''မင်းတို့လူတစ်ယောက်ကိုရှာဖို့ဘာတွေအဲ့လောက်ခက်နေတာလဲ ''
''အဲ့တာက A'ra ရဲ့ခေါင်းဆောင်ကသူ့ရဲ့တိတ်တိတ်ပုန်းသားကိုသေချာဖွက်ထားလို့ပါ သခင်လေး သူ့ရဲ့တရားဝင်သားလိုမျိုးဘေးနားမှာကိုယ်ရံတော်တွေရှိနေတာမျိုးလည်းမဟုတ်ဘဲ သာမာန်ပုံစံဘဲနေခိုင်းထားတဲ့ပုံပါဘဲ အဲ့တာကြောင့်ပါ ''
''ထားလိုက်တော့ ငါလည်းရှာကြည့်လိုက်မယ် ''
စိတ်တွေလည်းရှုပ်နေသည်မို့ ဟွီ သူနေတဲ့ဟိုတယ်ကနေအပြင်ကိုဒီတိုင်းထွက်လာလိုက်သည်။ဦးထုပ်တစ်လုံးတော့ကောက်ဆောင်းခဲ့ဖို့ကိုတော့သူမမေ့။ရန်သူဆိုတာ အချိန်၊နေရာမရွေးတွေ့နိုင်တယ်လေ။အထူးသဖြင့်မွေးထဲက တရားမဝင်မူးယစ်ဆေးဖြန့်တဲ့ဂိုဏ်းတစ်ခုရဲ့ဆက်ခံသူအဖြစ်မွေးလာတဲ့သူ့လိုလူအတွက်ပေါ့။
....
Melbourne , City in Australia;
''အင်း တွေ့ရင်ငါ့ကိုဆက်လိုက် ငါလည်းအဆက်အသွယ်တစ်ချို့နဲ့စုံစမ်းလိုက်မယ်''
''Sh*t!!!"
Bus stop တစ်ခုမှာထိုင်နေရင်းကနေ ဆေးလိပ်သောက်ဖို့လုပ်မှ ဆေးလိပ်ဘူးသာရှိပြီး မီးခြစ်မပါခဲ့သည်ကိုသူသတိရသည်။စိတ်ရှုပ်လာရင် ဆေးလိပ်သောက်ရမှအဆင်ပြေသည်မို့ဘေးဘီလှည့်ကြည့်လိုက်တော့ သူထိုင်နေတဲ့ Bus stop ခုံမှာလာထိုင်တဲ့ကောင်လေးတစ်ယောက်။ကြည့်ရတာတော့သူ့ထက်ငယ်မဲ့ပုံ။
YOU ARE READING
HWI'S
Fanfiction'' သေရမယ်ဆိုရင်တောင် ကိုကို့ဆီကိုလှမ်းလာနေတဲ့ခြေလှမ်းတွေကိုရပ်ဖို့စိတ်ကူးမရှိဘူး ကိုကို ''