အခန်း (၁၄)

133 21 2
                                    

နောက်တစ်နေ့မနက်လင်းကြက်တွန်ချိန်ရောက်တော့ ဝတီတစ်ယောက် အိပ်ရာထက်မှ ပျော်ရွှင်ကြည်နူးစွာနိုးထလာခဲ့သည်။ ပြီး မနေ့ညက သခင်မနဲ့အတူ ရင်ခုန်ကြည်နူးခဲ့သည်ပုံရိပ်​များကိုပြန်မြင်ယောင်လာမိသည်။ မြတ်နိုးရချည်ရဲ့ သခင်မ​လေးရယ်...။ သခင်မ၏မဟာဆန်ကာ နူးညံ့လှပသောမျက်နှာတော်​လေးနှင့် မီးရောင်အောက်တွင်ရှက်သွေးဖြာနေသော မျက်နှာတော်လေးကိုပြန်မြင်ယောင်မိပြီး ဝတီ့ရဲ့နှုတ်ခမ်းဖျား​လေးကပြုံးယောင်သန်းသွားလေသည်။ ပြီး သခင်မ၏ ပန်းရနံ့သင်းသောကိုယ်သင်းရနံ့လေးသည်လ​ည်း ဝတီရဲ့အင်္ကျီပေါ်တွင်အခုထက်ထိစွဲထင်နေလေ၏။ ဒါအပြင် ဝတီရဲ့ ဘယ်ဘက်ရင်အုံကလည်းတဒိတ်ဒိတ်ခုန်လာသလို။ အော်....သခင်မလေးရယ်။

သို့ဖြင့် ဝတီတစ်ယောက် စားဖိုဆောင်တွင်ကူလုပ်ပေးရင်း အပြင်သို့ထွက်ရန်သာအကြံထုတ်နေသည်။ ဒုက္ခပါဘဲ။ ပြီးခဲ့တဲ့ရက်ကမှ စျေးထွက်ဝယ်ထားတာ။ ဒါဆို နောက်အပတ်မှဘဲစျေးဝယ်ထွက်ရတော့မှာပေါ့။ ငါအပြင်ကိုဘယ်လိုထွက်ရမှာလ​ည်း..။ အပြင်ကို ဒီနေ့ရအောင်ထွက်ပြီး ကိုယ်ရံတော်အဖွဲ့နဲ့တွေ့မှတော်ကာကျမယ်။ ဒါမှ မနက်ဖြန်ည သခင်မကိုခေါ်ပြီး အလင်္ကါရူပတိုင်းပြည်ကိုထွက်ပြေးလို့ရနိုင်မှာ။ ငါ့မြင်းကြီး ငွေတောင်ပံကိုလည်းအဆင်သင့်လုပ်ထားမှ။ သို့ဖြင့် ဝတီတစ်ယောက် အရိပ်အခြေအနေကိုကြည့်ကာ အပြင်ထွက်ဖို့နည်းလမ်းသာလျှင်စဥ်းစားနေလေသည်။

ဒေဝီသခင်မ နန်းဆောင်တွင်ဖြစ်သည်။ သလွန်တော်ပေါ်ဝယ်စက်တော်ခေါ်နေသည့် သခင်မ၏နူးညံ့သိမ်မွေ့သော မျက်လုံးတော်လေးမှာ ညင်သာစွာဖွင့်ဟလာခဲ့သည်။ ပြီး သခင်မ သည် တစ်စုံတစ်ခုကို တွေးတောနေသည့်အလား သခင်မ ရဲ့နှုတ်ခမ်းပါးလေးဟာလည်း အပြုံးပန်းလေးတစ်ပွင့်ဖူးပွင့်သွား၏။ မဏိရူပဝတီ...မဏိရူပဝတီ..။ အသင်ဟာလေ...အကျွန်ုပ်ရဲ့နှလုံးသားတစ်ခုလုံးကိုအရည်ပျော်ကျသွားအောင်စွမ်းဆောင်နိုင်တယ်နော်။ သခင်မတစ်ယောက် မနေ့ညကချစ်ရသူနဲ့အတူရင်ခုန်ရသည့်အဖြစ်အပျက်တစ်ချို့ကိုမြင်ယောင်လာပြီး မိမိရဲ့ရင်ဘက်လေးကိုသာလျှင် လက်ဖြင့်ဖိမိလိုက်၏။ ပြီး သလွန်တော်ပေါ်မှထလိုက်ကာ မနက်ခင်းလုပ်ဆောင်ရမည့်လုပ်ငန်းကိစ္စများကိုသာလုပ်ဆောင်နေတော့သည်။

ဒေဝီသခင်မWhere stories live. Discover now