"သား မနက်ဖြန်အတွက် ပြင်ဆင်ပြီးပြီလား""ပြင်ဆင်ပြီးပြီ မား"
"ဟိုမှာနေတဲ့အချိန် ဆရာ ဆရာမစကားသေချာနားထောင်နော် စာသေချာကြိုးစားအတန်းမလစ်နဲ့ "
"ဟုတ်ကဲ့ဗျ..."
မကြာခင် အထက်တန်းပထမနှစ်တက်တော့မဲ့ ကျောင်းသားကြီး Poohkrittin Kitjaruwnakul ဟာ တက်တက်ကြွကြွဖြင့်သူ့ပုံစံအတိုင်း ပြင်ဆင်စရာရှိတာပြင်ဆင်လို့ပြီးသွားသည်။ရပ်ကွက်ထဲက သူ့သူငယ်ချင်းလေးများထံသို့ နူတ်ဆက်ရန်အပြင်ထွက်ခဲ့၏။Poohသူတို့ကစားနေကျ ဘောလုံးကွင်းသို့ရောက်လာတဲ့အခါ နေပူပူကြီးထဲဘောလုံးကန်နေကြတဲ့
ဆယ်နှစ်အရွယ်ကလေးတသိုက်ကိုမြင်လိုက်ရသည်။poohလာနေတာ အာရုံထဲရောက်ပုံမရ။"ဟေးး...ကစားနေကြတာ phiကိုတောင်မခေါ်ဘူး"
Poohအော်ပြောလိုက်တော့မှ ကလေးတွေရဲ့အာရုံက သူ့ဆီရောက်လာသည်။နေလောင်ဒဏ်ညိုညစ်ညစ် အသားအရည်နဲ့ကလေးများသည် Poohအားလှမ်းပြုံးပြ၏သူလည်းထပ်တူပြန်ပြုံးပြလိုက်သည်။Poohသည် လူဆန်းတစ်ယောက်ဖြစ်သည်။ဆယ်ကျော်သက် အရွယ် သူနှင့်သက်တူရွယ်သူများအားမပေါင်းသင်းပေ။သူ့ထက်ငယ်သည့်ကလေးငယ်များဖြင့်သာပေါင်းသင်းလေ့ရှိရာ တခါတလေသက်ကြီးပိုင်းများနှင့်ပေါင်းလေ့ရှိ၏သို့သော် မည်သူကိုမဆို ပြုံးပြနူတ်ဆက်ဖို့ဝန်မလေး။ယဉ်ကျေး ပြီးဖော်ရွယ်တာက သူ့့စရိုက်လေးပင်။
ငယ်သူများအပေါ် ဦးစားပေးပြီး ကြီးသူများအပေါ်ရိုသေလေးစားလေ့ရှိသည်။သက်သူများအပေါ် စိတ်ရင်းဖြင့်ဆက်ဆံသည်။သူ့အပေါ်မကောင်းသူများကိုဒေါသဖြင့်မတုန့်ပြန်ပဲ လေသံအေးအေးနဲ့ ပြန်ဖြေရှင်းတတ်၏အားနည်းချက်မှာ စော်မကြည်၍ ဘဲလာကြည်ခြင်းပေ။အားသာချက်မှာ စာတော်ခြင်း။ဖော်ရွယ်သော Pooh အားလူကြီး ကလေးမရွေး ချစ်ခင်ကြ၏။"Phi အတူတူကစားရအောင်လေ"
"မကစားတော့ဘူး Nong တို့ရာ Phi ကမနက်ဖြန်အတွက် ဈေးဝယ်စရာလေးရှိလို့"
Pooh စကားကြောင့် ကလေးတို့ရဲ့မျက်နှာအနဲငယ်ညိုးသွားတာကိုမြင်ရသည်။အင်းလေ ...သူတို့ရဲ့ချစ်လှစွာသော ကစားဖော်ကစားဖက်ကြီးကျောင်းအဆောင်ပြောင်းနေရတော့မည်ကိုး။ချင်းမိုင်မှ ဘန်ကောက်သို့သွားရမည်ခရီးဆိုတော့ သူတို့နှင့် လာကစား၍မရတော့ပေ။သူတို့အားလုံး သက်ပြင်းကိုယ်စီ ခိုးချလိုက်ကြသည်။Poohမျက်နှာလည်းမကောင်းပေ။ ငယ်သူငယ်ချင်းလေးများနှင့်မခွဲချင်ပဲခွဲတော့မည်။သို့သော်မတတ်နိုင်။
YOU ARE READING
ပိုင်ရှင်ရှိသူ❕( Ongoing )
Fanfictionတဖက်သတ်အချစ်ဆိုတာ စိတ်သာပူနေရတာ ဂရုစိုက်ခွင့်မရဘူး မသိရင်...အီးတစ်နေသလိုပဲ။