I - Bound By Starlight

474 72 17
                                    

ကင်မရာမီရောင်များ တဖျတ်ဖျတ်လက်လျက် Venue တစ်ခုလုံး ဖိတ်ဖိတ်တောက်နေသည်။

ပွဲလာ star-studded guest list ကြောင့် အပြည်ပြည်ဆိုင်ရာ စကားဝိုင်းတွေရဲ့ နှုတ်ဖျားမှာ ဒီပွဲနာမည်ဟာ သီးနေသည်။ social media ပေါ်တွင်လည်း ထိပ်စီးမှ ပလူပျံလျက်။

ဒီနေ့ဟာ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ငွေကြယ်ပွင့်တွေချည်း မြေပြင်ပေါ် ဟန်ရေးပြတဲ့နေ့ပင်။

လေထုက အစ စျေးကြီး တောက်ပြောင်လွန်းသည် ဆိုတဲ့ အမည်တံဆိပ်ဟာ ဒီလိုပွဲမှာ ရိုက်နှိပ်ဖို့ပင် ဖြစ်၏။

Met Gala Red Carpet Walk...။

တိုင်ကြီး ရှစ်လုံးကို အမှီပြုလို့ ဂန္ထဝင်ဆန်စွာ ကိန်းကြီးခန်းကြီးနိုင်​နေတဲ့ The Met ပြတိုက်၏ အရှေ့ မျက်နှာစာ လှေကားထစ်ကြီးပေါ် အိ,ခံနေအောင် ဖြန့်ခင်းထားသည့် ကျက်သရေ ကော်ဇောနီဟာ ပွဲရဲ့ အသက် ညှို့ချက် ပီသစွာ နီစွေးလျက်။

နတ်ပြည်နဲ့ ကော်ဇောနီ ဘာရွေးမလဲ မေးလျှင် ဘယ် brand ရဲ့ customized outfit နဲ့ red carpet လျှောက်သင့်လဲ ဟု ပြန်မေးမည့် သူတွေချည်း ပြည့်လျှံနေအောင် အသည်းခိုက်ရသည့် လျှောက်လမ်း...။

ကမ္ဘာ့ ထိပ်တန်းဟု သတ်မှတ်ခံထားရသော အယ်လ်ဖာ၊ အိုမီဂါ၊ ဘီတာတွေဟာ ဒီကော်ဇောနီကို သူတို့ကမ္ဘာရဲ့ ထိပ်တန်းမှတ်​ကျောက် တစ်ခုအဖြစ် ပြန်လည် သတ်မှတ်သည်။ ဒီကော်ဇောနီပေါ် မတ်တပ်ရပ်နိုင်ဖို့ပဲ ဘဝကို ရုန်းကန်ခဲ့ကြ၊ တိုက်ခိုက် အောင်မြင်ခဲ့ကြ၊ ကုပ်ကပ်ဖက်တွယ်ခဲ့ကြ သကဲ့သို့ ဂုဏ်ယူဦးတိုက်၏။

ထိုကော်ဇောနီပေါ် တစ်ပွင့်ပြီးတစ်ပွင့် တောက်လဲ့နေတဲ့ ကြယ်ပွင့်တွေဟာ အရောင်အစုံ၊ ပုံသဏ္ဍာန်အစုံ၊ အောင်မြင်မှုအစားစားနှင့် ငွင့်ကြွားလျက်။

New York Art Costume's Institue ၏ မက်ထရိုပိုလီတန်ပြတိုက်အတွက် fund မြှင့်တင်ခြင်း အပြင် ဖက်ရှင်ကို အနုပညာတစ်ရပ် အဖြစ် ပြဌာန်းရန် ရည်ရွယ်သည့် ပွဲဖြစ်သောကြောင့် တက်ရောက်လာသည့် စတားတွေရဲ့ ဖက်ရှင်ဟာ သူမတူ ဆန်းသစ်စွာ၊ ယနေ့ခေတ်ရဲ့ ရေစီးကြောင်းကို တစ်ခေတ် တွင်စေမည့် ဟန်တွေ ချည်းပင်။

Kixx Trace on Contract Where stories live. Discover now