7🚨

2.1K 94 3
                                    

ဒီရက်ပိုင်းစိတ်ရှုပ်ထွေးနေလို့ အရင်လိုဆိုအလုပ်နားရက်တောင်အလုပ်လုပ်တက်တဲ့ Kim ဒီနေ့တော့အေးဆေးအနားယူရန်အိမ်မှာနေနေသည်..

သူ့နည်းတူသီချင်းရေးရန်အိမ်မှာအေးဆေးအနားယူနေပြန်တဲ့ Jeon.မိဘအိမ်ပြန်လာတဲ့နေ့ထဲက စကားသေချာမပြောဖြစ်တော့တဲ့သူတို့နှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် တနေ့ထဲနှစ်ယောက်အတူတူအိမ်မှာအနားယူဖြစ်ကြသည်..

မနက်စာပြင်ဆင်ရန်အနောက်ခန်းသို့လာကာ ရေခဲသေတ္တာထဲက အစားအသောက်တွေထုတ်ပြီး ဘေစင်မှာဆေးရန် ဘေစင်ဘားကိုနှိပ်လိုက်ချိန် ဘေစင်ရေပိုက်ကနေ ချောင်ကာ ရေတွေပန်းထွက်လာတော့သည်..

ချက်ချင်းပဲ လက်နှစ်ဖက်နဲ့ဖိပိတ်ထားပေမယ့် ပန်းထွက်နေတဲ့ရေတွေကိုပိတ်မရသလို သူ့ရဲ့တကိုယ်လုံးလည်းရွဲလုလု.. စကားမပြောကြပေမယ့် အရေးကြုံလာတော့လည်းလှမ်းခေါ်ရတော့သည်.

" ကောင်လေး ကောင်လေးရေ ခဏ ခဏလောက် "

အိမ်အောက်ကခေါ်သံကြောင့် အိမ်ပေါ်ထပ်ကနေ ညဝတ်ဘောင်းဘီသာဝတ်လို့ထားပြီး အလောတ ကြီးပြေးဆင်းလာတဲ့ Jeon..နောက်ခန်းကအဖြစ်အပျက်ကိုလည်းမြင်​​တော့ မြန်မြန်ပြေးသွားလိုက်သည်.

" ဘယ်လိုဖြစ်တာလည်း "

" ရေပိုက်ချောင်ပြီးရေတွေပန်းထွက်နေလို့ ဘေစင်အောက်မှာရေဘားရှိတယ် တချက်လောက် ပိတ်ပေးပါ "

ဘေစင်အောက်ဝင်ကာရေဘားကိုဝင်ပိတ်လိုက်တော့မှ ပန်းထွက်နေတဲ့ရေတွေလည်းရပ်လို့သွားကာ နောက်ခန်းတခုလုံးလည်းရေတွေရွဲနေသလို Kim ရဲ့တကိုယ်လုံးလည်းစိုရွဲလို့နေသည်..

အဖြူရောင်Tshirt အပါးသားလေးကရေစိုသွားတာကြောင့် ခန္တာကိုယ်မှာကပ်လို့သွားကာ အတွင်းခန္တာကိုယ်ကိုဖောက်မြင်နေရသည်..ရေစိုလို့လျော့ရွဲသွားတဲ့အကျီကြောင့် လည်တိုင်ဖွေးဖွေးညှပ်ရိုးလေးတွေကိုလည်းမြင်နေရပြန်သည်..

အသားမှာကပ်နေတဲ့အကျီကိုဆွဲခွာကာ လုံးပြီးရေညစ်ချနေတဲ့ Kim အကျီကိုအနည်းငယ်ခါပြီး ခေါင်းငုံ့ကာ ရေစိုနေတဲ့ခေါင်းကိုလည်း လက်ချောင်းလေးတွေထိုးထည့်လို့ခါနေသည်. ခုထိသူ့ရဲ့ရှေ့ရပ်လို့နေတဲ့ သူကိုအာရုံမရောက်သေး ဆံပင်ခါလို့ပြီးမှ မော့ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ Jeon..

AFTERWhere stories live. Discover now