နေ့ ပလက်ဖာင်း ပေါ်ထိုင်ကာ ခေါင်းငုံ့ပြီး အသံတိတ် မျက်ရည်ကျနေမိတာ အချိန်ဘယ်လောက်ထိ ကြာသွားမှန်းမသိ။ နေ့ အမြင်အာရုံထဲ ရောက်လာတဲ့ ခြေချောင်းေလးတွေ တွေ့မှ သတိပြန်ဝင်လာသည်။
သာလိကာလေး။ သေချာတယ် ။ ညာဘက် ခြေဖမိုးပေါ်က မှဲ့ နက်ကလေးက နေ့ရဲ့ သာလိကာလေးဖြစ်ကြောင်သက်သေပြနေသည်။
“နေ့ ....”
အလွမ်းခေါ်လိုက်တော့ အလွမ်းကို ပြန်မော့ကြည့်လာတဲ့နေ့က မျက်ရည်တွေနဲ့။ နေ့က အသံတိတ် ငိုနေတာဘဲ။
နာတယ် နေ့ ရင်ဘတ်ထဲက နာတယ် မင်းငိုနေရင် ငါ့ရင်ဘ်ျထဲက နာတယ် နေ့ရယ်
“တောင်းပန်ပါတယ် ခများကို ထိခိုက်စေမိပြီး ”
အလွမ်းကို တောင်းပန်စကားပြောကာ နေ့က ခေါင်းပြန်ငုံ့သွားကာ တရှုံ့ရှုံ့ ငိုနေပြန်သည်။
အလွမ်း ထိုင်လိုက်ကာ ငိုနေတဲ့နေ့ကို ရင်ခွင်ထဲ့ထည့်ပြီး ခေါင်းလေးကို ဖွပေးမိသည်။“ကျုပ် ....”
“နေ့ မင်းကလေ အခြားသူတွေအတွက် ဘယ်လို ဖြစ်တည်မှုမျိုးလည်းတော့ ငါမသိဘူး ဒါပေမယ့် ငါတို့အတွက်တော့ မင်းဖြစ်တည်မှုတိုင်းက ဆုလာဒ်တစ်ခုဘဲ မင်းငိုရင် ငါတို့က မင်းအတွက် ရင်ခွင်တစ်စုံငှားပေးမယ် မင်းလမ်းပျောက်နေတဲ့အချိန် လက်ကမ်းပေးတဲ့သူက ငါတို့ဖြစ်ပေးမယ် မင်းရဲ့ပျော်ရွှင်မှုတွေကို ဘေးကနေ ပီတိဝေဖြာစွာနဲ့ လိုက်ပျော်ပေးမယ် ”
“..........”
“နေ့နေ့လေးက ငါ့တို့အိမ်ရဲ့ ဆုလာဒ်လေးဘဲလေ ဘယ်သူက အပြစ်တင်မှာလည်း တိတ် တိတ် ”
ထိုအခါ နေ့က အလွမ်းကို ပိုတိုးလို့ဖက်ကာ ပိုတိုး၍ ငိုလာပြန်သည်။
“ဘာလည် ရင်ထဲထိသွားလို့လာ ကိုကြီးရဲ့ စကားကို ”
နေ့ စိတ်ကလေးပြေလိုပြေငြား အလွမ်းပြောမိသည်။
“အမ်း ”
“ဟားဟား ချစ်ဖို့ ကောင်းလိုက်တာ နေ့နေ့လေးက မွ မွ မွ ”
အလွမ်း နေ့ကို ရင်ခွင်ထဲက ထုတ်ကာ အသည်းယားစွာ လိုက်နမ်းတော့