အပိုင်း 5

166 14 2
                                    


စာမေးပွဲ ပထမရက်

စာမေးပွဲတော့ လာဖြေမှာပါ။ အလွမ်းအဖြစ်က မစခင်ကတည်းက အဆုံးသတ်ကို လှမ်းမြင်နေရသည်။စာမေးပွဲခန်းထဲ ရောက်တော့

"နေ့ ...."

အလွမ်းခေါ်တော့ နေ့က မော့ကြည့်လာသည်။ အပြင်မှာ ခုံနံပါတ်ကြည့်ကတည်းက အလွမ်းနဲ့ နေ့ က တစ်ခန်းတည်းကျသည့်အပြင် နေ့က အလွမ်းရဲ့ အနောက် ခုံက ဖြစ်နေသည်။

"နေမကောင်းဖြစ်လို့လား ပိန်သွားတယ် အများကြီး "

"ဟအင်း စာမေးပွဲ ကြောင့်ဖြစ်မှာပါ"

"အမ်းပါ အရမ်းကြီး ဖိအား မဖြစ်စေနဲ့ ပေါ့ပေါ့ပါးပါးဘဲ ဖြေ ဖိုက်တင်း "

"အမ် "

အလွမ်း အရှေ့ဘက်သာ ပြန်လှည့်လိုက်သည်။ အလွမ်းတစ်ခွန်းမေးမှ နေ့က တစ်ခွန်းဖြေသည်။

ဘာတွေကများ မင်းကို အခုလို ပြောင်းလဲစေတာလည်းနေ့ရယ်

နေ့ပုံကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားတဲ့ သာလိကာလေးကြောင့် နေ ရင်ဘတ်ထဲ အောင့်သွားရသည်။ ထို မိန်းမက သာလိကာ‌ေလးနဲ့ မပတ်သတ်ဖို့ ပြောထားတာကြောင့် နေ့မှာ သာလိကာလေးကို လွမ်းရင်တောင် သွားတွေ့ခွင့်မရှိ။ မဟုတ်ရင် နေ့ကြောင့် သာလိကာလေးတို့ မိသားစု ထိခိုက်နိုင်တယ်မဟုတ်လား။

စာမေးပွဲ ဖြေပြီးနောက် ကျောင်းသားတွေ အကုန်လုံးထွက်သွားကြသည်။ နေ့က အလွမ်းကို နှုတ်မဆက်ဘဲ အမြန် ထွက်သွားတာကြောင့် နေ့နောက် အလွမ်း အမြန်လိုက်ရတော့သည်။

"နေ့ .......!."

အလွမ်းခေါ်နေပေမယ့် နေ့က လှည့်မကြည့်ဘဲ အဆင်သင့်စောင့်နေတဲ့ ကားပေါ် အမြန်တက်သွားသည်။

ထွက်သွားတဲ့ နေ့ ရဲ့ကားကို အလွမ်း အတော်အတန်ကြာအောင် ရပ်ပြီးကြည့်နေမိသည်။

တောင်းပန်ပါတယ် ခများရယ်။ အချိန်ခနလေးဘဲ စောင့်ပေးပါ။

အနောက်မှာ သာလိကာလေး လိုက်လာမှန်း နေ့သိပါသည်။ သိုပေမယ့် ဟို အမျိုးသမီးရဲ့ အစောင့်တွေ ရှိတာကြောင့် သူကားထဲ အမြန်ဝင်လိုက်ခြင်းဖြစ်သည်။

မောင့် ရောင်ခြည်ငယ်(Ongoing)Where stories live. Discover now