အပိုင်း ( ၂ )

3 1 0
                                    

ဂင်ဂျီဟိုက ရယ်မောကာပြန်ပြောလိုက်သည် “ ‌ကိုကိုက Honeymoon အတွက် ပြင်ဆင်နေတာအဲဒါကြောင့် သူ လိုက်မပို့တာ ” “ ‌အေးပါ။ ကလပ်ကို သွားမယ်ဆိုလဲ မြန်မြန်သွားပြီးငါကိုလိုက်ပြလေ။ငါမှာလုပ်စရာရှိတယ် ” “ ဟုတ်ကဲ့ သူဌေးကြီးရှင့် ။ ဪ ဒါနဲ့ စာမရေးသေးဘူးလား ငါနင်စာတွေကို မျှော်နေတာ ” ကြယ်စင်ဝေ တွေဝေငေးငိုင်နေမိသွားသည်။ “ ကြယ်စင် သွားကြမယ်လေး ကားပေါ်‌တက်တော့လေ ” ကြယ်စင်ဝေတစ်ယောက် ဂင်ဂျီဟို စကားသံကြားမှ “ အေးပါ တက်လိုက်ပါမယ် ” “ ငါက သိပ်ပြီးအချိန်နောက်ကျတာမကြိုက်ဘူးနော်။ ” “ ဪ သိပါတယ် ” ကြယ်စင်ဝေက အပြင်ငေးကြည့် နေသည်။

ဆယ်မိနစ်ကြာသောအခါ

“ ကြယ်စင်‌ ရောက်ပြီ ကားပေါ်ကဆင်းတော့လေ။ ” ကြယ်စင်ဝေ ဂျီဟို အသံကြားမှ သတိပြန်ကပ် ကားပေါ်ကဆင်း၍ ကလပ်ထဲသို့ ဝင်သွားကြသည်။ မနက်ဖြစ်သောကြောင့် ကလပ်တွင်လူ သိပ်မစည်းကားလှပေ။ ထို့နောက်ဂျီဟိုသည် သူမ၏ရုံးခန်းထဲသို့ဝင်သွားကြသည်။ မန်နေဂျာကိုခေါ်၍ ဝန်ထမ်းများကို စုကာ ကြယ်စင်ဝေကို မိတ်ဆက်လိုက်သည်။ “ အားလုံးဘဲ သူက ကြယ်စင်ဝေပါ။ ဒီလအတွင်း ကလပ်ကို ခဏအုပ်ချုပ်မဲ့သူ ကလပ်ရဲ့ ပိုင်ရှင်ဆိုလဲမမှားပါဘူး ” ဂျီဟိုစကားကြောင့် ကြယ်စင်က ဂျီဟိုနားကပ်လိုက်ပြီး “ ဂျီဟို နင်ဘယ်လိုပြောလိုက်တာလဲ ငါက ဒီကလပ်ပိုင်ရှင် မဟုတ်ပါဘူးဟာ ဘာတွေလျှောက်ပြောနေတာလဲ ဒုက္ခတွေတော့ရောက်ကုန်မှာပဲ ” တွေဝေစွာပြောလိုက်သည်။

“ အေးပါ သိပါတယ် ဒါပေမဲ့ နင်လဲဒီကလပ်ကို ရှယ်ယာဝင်ထားတာလေ ငါတို့ သုံးယောက်တောင်များသေးတယ်။ ကိုယ့်ကိုယ်ကို မိတ်ဆက်ဦးလေ ” “ တော့်ပြီကဲ့ပါ အေးပါ ဟုတ်ပါတယ်။ အားလုံးဘဲ မင်္ဂလာပါ ကျွန်မနာမည်က ကြယ်‌ ( 별 byeol ) လို့ခေါ်ပါတယ်။သူငယ်ချင်းတွေကတော့မြန်မာနာမည် ကြယ်‌စင်‌လိုခေါ်ကြပါတယ်။ကဲ နောက်နေ့ကစပြီ ကျွန်မကိုကူညီပေးကြပါ‌နော် အကူအညီတောင်းပါတယ်။။ ” “ ဟုတ်ကဲ့ပါ ” ဂျီဟိုသည် ကြယ်စင်ဝေကို ကြည့်ကာပြုံးစိပြုံးစိလုပ်နေသည်။ ကြယ်စင်ဝေတစ်ယောက် ပြုံးစိပြုံးစိလုပ်နေသော ဂျီဟိုကိုကြည့်၍ “ ဘာ ရယ်တာလဲ ဂျီဟို ငါမျက်နှာက ဘာဖြစ်လို့လဲ ” ဟုမေးလာသည်။

You've reached the end of published parts.

⏰ Last updated: Oct 25 ⏰

Add this story to your Library to get notified about new parts!

တေးသံသာများကြားက ကျွန်မချစ်သူWhere stories live. Discover now