" ဆောနူ... ကိုယ်တို့တွဲရအောင်။"
စကားကျယ်ကျယ်ပြောမရတဲ့ စာကြည့်တိုက်မို့ စီနီယာဆောင်းဟွန်းရဲ့အသံက နှစ်ယောက်ကြားနိုင်ရုံမျှသာ။
ဆောနူမှာ ရုတ်တရက်ဆန်လှတဲ့ စကားကြောင့် ဘာပြန်ပြောရမယ်လဲမသိပါပဲ သူ့ကိုအုပ်မိုးထားရင်းငုံ့ကြည့်နေတဲ့ စီနီယာဆောင်းဟွန်းကို မျက်လုံးဝိုင်းများဖြင့် ပြန်ကြည့်မိသည်။
" အင်း ဟုတ်တယ်ကိုယ်ကမင်းကိုဖွင့်ပြောနေတာ။"
ဆောနူခေါင်းကလေးမှာ ဆတ်ခနဲအောက်ကိုငုံ့သွားရတော့၏။သူ့ရဲ့ စိတ်ထဲကိုများ စီနီယာက ဝင်ဖတ်နိုင်နေတာလား။
လျှောကျလာတဲ့ မျက်မှန်ကိုင်းကလေးကို လက်ဖမိုးနဲ့ပင့်တင်ရင်း ဆောနူ အရှက်ပြေချောင်းတစ်ချက်ဟန့်လိုက်တော့သည်။ထို့နောက် စီနီယာဆောင်းဟွန်းကို ပြန်မော့ကြည့်လိုက်ရင်း
" တော်ပါပြီဗျ။"
ဘာကြောင့်ရယ်မသိ စီနီယာကသူ့ရဲ့ သွားစွယ်ဖွေးဖွေးတွေပေါ်သည်အထိ ရယ်၏။ဆောနူမှာ ခေါင်းကလေးစောင်းရင်း တမေ့တမြောငေးမိတော့တာပဲ။
" အခုကိုယ်ကအငြင်းခံလိုက်ရတာပေါ့။"
ဆောနူ ခေါင်းလေးကိုအလုပ်ပေးလို့ တဆတ်ဆတ်ငြိမ့်ပြလိုက်ေတာ့သည်။
ထပ်ပြီး စီနီယာက ဘာကိုသဘောကျသွားမှန်းမသိ ပါးပေါ်ကခပ်ချွန်ချွန် အချိုင့်ကလေးပေါ်သည်အထိ ရယ်လာပြန်သည်။
" အင်း ကိုယ်တော့မင်းကိုသဘောကျလို့ ဒီနေ့ကစပြီးလိုက်တော့မှာ အဆင်သင့်ပြင်ထားရင်ကောင်းမယ်
ဆောနူ။"ဆောနူကို ငုံ့မိုးလိုက်ရင်း မျက်နှာနားတိုးကပ်လာတဲ့
စီနီယာဆောင်းဟွန်းကြောင့် မျက်မှန်ကိုင်းအောက်က သူ့ရဲ့ သလင်းရောင်မျက်ဝန်းကြည်ကြည်ကလေးတွေမှာ ဝိုင်းခနဲဖြစ်သွားရတော့သည်။" ဘယ် ဘယ်သူက ခွင့်ပြုတယ်ပြောလို့လဲ။"
" ဟင်း ဆောနူ မျက်လုံးလှလှလေးတွေကလေ။"
ရုတ်တရက် အပြုံးနုနုတွေနဲ့တိုက်ခိုက် ခံလိုက်ရတာမို့ ဆောနူ နှလုံးသားလေးမှာ သတိလက်လွတ် ခုန်ပေါက်နေတော့သည်။