Unicode
I have fallen in love with my spouse!
Chapter.11
''သူ့မိန်းမကကုမ္ပဏီကိုရောက်လာတယ်...တည်တံ့ကလည်းမြူ့ကိုခေါ်ပြီးသူ့မိန်းမနဲ့မိတ်ဆက်ပေးတယ်...ရှင်ပြောတော့အဲ့မိန်းမကမလှဘူးဆို''
ထုံးစံအတိုင်း တိမ်ငွေ့မြူကတစ်ဖက်ကိုဖုန်းနဲ့လှမ်းပြီးသံတော်ဦးတင်နေတာပါ။
''ရှင်မြူ့ကိုမှန်မှန်ပြောစမ်းပါ...ရှင်အခုလိုလုပ်နေတာက အဲ့မိန်းမကိုချစ်နေလို့လား...ပြီးတာပဲလေ ရှင်ပြောတာမမေ့နဲ့နော် မြူသာအောင်မြင်ရင် ရှင်မြူ့ကိုရှင့်အနားတစ်သက်လုံးခေါ်ထားမယ်ဆိုတာ...ပြီးတာပါပဲ မြူ့ကိုလှည့်စားမယ်တော့မကြံနဲ့နော် မြူကငြိမ်ခံနေမှာမဟုတ်ဘူး''
ပြောပြီးသူမလည်းဖုန်းချပစ်လိုက်လေ၏။
တိမ်ငွေ့မြူကလိုချင်တာရဖို့အားလုံးလုပ်ရဲတယ် အားလုံးလည်းရင်းရဲတယ်။
ကိုယ်ကရင်းနှီးထားသလောက် ဘာမှပြန်မရဘူးဆိုရင်တော့...။***
''အသည်း...အသည်း...ထတော့''
သူအသည်းရဲ့ပါးလေးကိုအသာပုတ်နှိုးလိုက်တော့သူမကသူ့အားမျက်လုံးလေးဖွင့်ကြည့်လာလေ၏။
''ကိုကြီး''
''အိမ်ပြန်ရတော့မှာ...ထတော့''
သူနှုတ်ကလည်းပြောရင်းသူမကိုပါဆွဲထူလိုက်လေသည်။
''တော်တော်မှအိပ်ရေးဝရဲ့လား''
''အင်း...ကိုကြီးရှိနေတဲ့နေရာမို့လို့ထင်တယ်...ကိုကြီးကအသည်းအပေါ်မှာချိုသာနေရင်အသည်းအရမ်းသဘောကျတာပဲ...ပြီးတော့ အသည်းလို့ခေါ်လိုက်ရင်လည်းသဘောကျတယ်...လက်မထပ်ခင်ကအသည်းကိုအမြဲမာန်မဲနေပေမယ့် လက်ထပ်ပြီးတော့အရင်ကထက်နူးညံ့လာတယ်နော်...အသည်းအရမ်းပျော်တယ်သိလား''
''အသည်း''
''ဟုတ်''
''အကယ်၍နော်''
''......''
''အကယ်၍ ငါကမင်းကိုကွာရှင်းခွင့်တောင်းရင်မင်းဘာလုပ်မလဲ''
''ရှင်''
''အကယ်၍လို့ပြောထားတယ်လေ''
''ကိုကြီးကကွာရှင်းချင်ရင်...အသည်းကွာပေးမှာပါ''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romantizmအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်