chapter 35

73 15 0
                                    

Chapter 35
July 14, 2024
🐯Chapter 35

ကြော်ငြာလား...

ကုယွီမြန် အံ့ဩသွားသည်။ ကူညီပံ့ပိုး​ပေးသည့် စီမံကိန်းအသစ်များထဲမှ တစ်ခုက ကြော်ငြာရိုက်ကူးရန် အခွင့်အရေးဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့မိ​ပေ။

"ငါက အင်တာနက်က နာမည်ကြီးတဲ့သူတစ်ယောက်နီးပါးဖြစ်နေပြီ…"

နှင်းကျားသစ်လေးက ကျောင်းသွားပြီဖြစ်​သော​ကြောင့် ပန်ဒါလေးနှင့်အတူ ကော်ဇောပေါ်တွင်ထိုင်နေသည့် ကုယွီမြန်က ပြောလိုက်သည်။

ထန်ယွမ်​လေးက သူနှင့်အတူ 'လက်ခုပ်တီးခြင်းကစားနည်း' ကို ပျော်ရွှင်စွာ ကစားနေသည်။ ကုယွီမြန် သူ့ကို မေးခွန်းများမေးလိုက်​သောအခါ အူ​ကြောင်ကြောင် ရယ်မောလိုက်ပြီး အသံသေးသေးလေးများ ပြုလုပ်လာသည်။

သူ၏နောက်ဆုံးဘဝတွင်မူ အွန်လိုင်းနာမည်ကြီးများ၏ အဓိက၀င်ငွေက အမှန်တကယ်တွင် ကြော်ငြာများမှ ရရှိခြင်းဖြစ်သည်။ ကြော်ငြာများက အလွန်အကျိုးရှိသည်။ ကုယွီမြန်က ထိုအကြောင်းကို အထက်တန်းကျောင်းသားဘဝတွင် သိခဲ့ခြင်းဖြစ်သည်။ ဒေါ်လာသန်းပေါင်းများစွာတန်သော ကြော်ငြာတစ်ခုက တစ်စုံတစ်ဦးအား ကိန်းဂဏန်းခြောက်လုံးအထိပေးကာ ရှန်ဟိုင်းမြို့လယ်ရှိ အိမ်တစ်လုံးကို နှစ်နှစ်ကြာ ငှားရမ်းခွင့်ရပေလိမ့်မည်။

သို့သော် ကြော်ငြာရိုက်ရန် တင်ဆက်သူတစ်​ယောက်ကို တိုက်ရိုက်ကမ်းလှမ်းခြင်းက ထူးဆန်းလှသည်။

ကြော်ငြာဆိုတာက အနုပညာရှင်​တွေ၊ မော်ဒယ်တွေနဲ့ပဲ ဖြစ်သင့်တယ်မလား...

ကုယွီမြန် ၎င်းကို နားမလည်နိုင်​ပေ။ သူ ကောင်းကောင်းမလုပ်နိုင်မည်ကို အနည်းငယ်စိုးရိမ်မိသည်။ အနည်းဆုံးအ​နေဖြင့် သူ့တွင် သက်ဆိုင်ရာ အတွေ့အကြုံများပင်မရှိ​ပေ။ ကုယွီမြန်က သကြားခဲ သကြားခဲကို  နောက်တစ်ကြိမ်ထပ်မေးပြီး​နောက် သူနားလည်သွားခဲ့သည်။

[သကြားခဲ သကြားခဲ: ဒီအမှတ်တံဆိပ်က အရမ်းကောင်းတယ်… အင်ပါယာသိပ္ပံအကယ်ဒမီ​ကျောင်းနဲ့လည်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု​တွေရှိတယ်… သူ့ရဲ့​ကျော်ကြားမှု အရည်အသွေးနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး… ဒါ​ပေမဲ့ လူထုကိုချပြတာနဲ့ ထိတွေ့ရတာက မျှ​ခြေမညီဘူးဖြစ်​နေတယ်… အဲဒါအပြင် ဒီကြော်ငြာရဲ့ဒါရိုက်တာက အရမ်းတင်းကျပ်လွန်းတယ်… မကြာသေးခင်က အွန်လိုင်းအား​ပေးသူ အများအပြားရှိတဲ့ အနုပညာရှင်​တွေ​တောင် ဒါရိုက်တာရဲ့မျက်လုံးထဲ မရောက်နိုင်လို့ သူတို့က တင်ဆက်သူတစ်​ယောက်ကို ရှာချင်ခဲ့တာ... နောက်ပိုင်း ကျွန်မတို့က မင်း အပါအဝင် တင်ဆက်သူတချို့ရဲ့ အချက်အလက်အားလုံးကို ပို့​ပေးခဲ့တယ်… ဒါရိုက်တာက မင်းကို ရွေးလိုက်တယ်…မင်းအတွက်လည်း အဆင်​ပြေသွားတာ​ပေါ့…]

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now