(5.1) ဒါဆို သူ့ရဲ့ ပွေ့ဖက်မှုအတွက် သင့်တော်တယ်

276 38 0
                                    

(5.1) ဒါဆို သူ့ရဲ့ ပွေ့ဖက်မှုအတွက် သင့်တော်တယ်

မိတ်လိုက်ချင်နေတဲ့သားရဲတစ်ကောင်ဆီမှာ ဆင်ခြင်တုံတရားမရှိတော့ဘူးဆိုတာကိုတော့ ပြောစရာတောင်မလိုဘူး။ အခု သူတို့ရဲ့ရှေ့မှာရှိနေတဲ့သားရဲကြီးက ထိုအတွက် အထင်ရှားဆုံးသောဥပမာတစ်ခုပဲ။ ပြင်းထန်လွန်းတဲ့ဟိန်းဟောက်သံနှင့်အတူ သားရဲကြီးက သူတို့ဆီကို ဦးတည်ကာ ပြေးဝင်လာခဲ့တယ်။

ဗိုလ်လောင်းငါးယောက်က သူတို့ရဲ့လမ်းကနေအလျှင်အမြန် ရှောင်ထွက်သွားလိုက်ရတယ်။ လီကျိုးရှင်း သူ့ရဲ့ ကွမ်တမ်လက်နက်ကို ထုတ်ယူလိုက်တယ်။ ထိုလက်နက်ရဲ့အရွယ်အစားက လက်ဖဝါးလောက်သာရှိပြီး ငွေရောင်သတ္တုဖြင့် ပြုလုပ်ထားခဲ့တယ်။

သူ ကိုင်လိုက်တဲ့အချိန်မှာပဲ ထိုလက်နက်ဆီမှ ငွေဖြူရောင် စွမ်းအင်တွေကပွင့်ဟလာခဲ့ပြီး ဓားတစ်ချောင်းရဲ့ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

'ဒီတော့ အကယ်ဒမီရဲ့ လက်နက်က အလင်းဓားသွားနဲ့ တကယ်ကြီးတူတာပဲ'

လီကျိုးရှင်း တွေးလိုက်တယ်။

အခြားလူတွေကလည်း သူတို့ရဲ့ လက်နက်တွေကို တိတ်တဆိတ် ထုတ်ယူလိုက်ကြတယ်။ စွမ်းအင်ဓားသွားက သူတို့ရဲ့ရှေ့မှ သောင်းကျန်းနေတဲ့ သားရဲကြီးရဲ့ရှေ့မှာတော့ ကလေးကစားစရာပစ္စည်းတစ်ခုနှင့်တူညီနေခဲ့တယ်။

သို့သော်လည်း စွမ်းအင်ဓားတွေက သားရဲကြီးကို သတိပိုပြီးရှိလာစေပြီး သူတို့ကိုပို မိုဒေါသထွက်လာပုံရတယ်။  သွေးနီရောင်မျက်လုံးတစ်စုံက အနီးဆုံးမှာရှိတဲ့ လီကျိုးရှင်းကို စိုက်ကြည့်လာခဲ့တယ်။

ထိုသားရဲကြီး လျှောက်လာတဲ့လမ်းတစ်လျှောက်မှာ သူ့ရဲ့လေးလံတဲ့ခြေလှမ်းတွေကြောင့် မြေပြင်တစ်လျှောက် နက်ရှိုင်းတဲ့ခြေရာတွေ ထင်ကျန်ရစ်ခဲ့တယ်။

လီကျိုးရှင်းက အမှန်တကယ်တော့ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။

ဒီလို စိတ်လှုပ်ရှားမှုမျိုးက သူ လုံးလုံးလျားလျားမမျှော်လင့်ခဲ့တဲ့အရာပဲ။ အထူးသဖြင့် ဒေါသကြီးတဲ့ သားရဲကြီးနှင့် ရင်ဆိုင်ရတဲ့ အခုလိုမျိုး သေရေးရှင်ရေး  အခြေအနေမျိုးကို  သူ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာလေ။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now