1

23 3 0
                                    

''အား....လည်ဂုတ်က...''
''ဘာလဲကွာ ကားကိုဘယ်လိုမောင်းနေတာလဲ''

junkyu တစ်ယောက်ဒေါသထွက်တာအဆန်းတော့မဟုတ်ပါဘူး၊ဒီနေ့သူ့သူငယ်ချင်း jaehyuk ရဲ့မွေးနေ့၊jaehyuk ကသူ့ဆီမနက် ၉ နာရီလောက် အရောက်လာခဲ့ဖို့ပြောတာမို့ သန်းခေါင်ကျော်ထိစာရေးပြီး အမြဲအိပ်ရာထနောက်ကျတတ်တဲ့ junkyu အဖို့ ဒီနေ့လဲ တော်တော်နောက်ကျနေပါပြီဆိုမှ ကားတိုက်မိမလို ဖြစ်တော့ စိတ်ကမရှည်နိုင်တော့ပဲ ပိုဒေါသထွက်ရတာပေါ့

သူ့ဘေးကမောင်းလာတဲ့ ကားက သူ့ကားရှေ့ကိုရုတ်တရက်ဖြတ်ဝင်ပြီး လမ်းကွေ့လေးတစ်ခုထဲဝင်မလို့အလုပ်

အဲ့ကားက သူ့ကားရှေ့မှာပဲ ရုတ်ရက် ရပ်သွားတယ်လေ၊ တော်သေးတာပေါ့ junkyu ဘရိတ်အုပ်တာ မြန်သွားလို့ မဟုတ်ရင်တော့ တိုက်ပီပဲ

ဘရိတ်အုပ်လိုက်တဲ့အရှိန်ကြောင့်ပဲလားတော့ မသိပေမဲ့ ခုတလော မကြာမကြာဖြစ်နေတဲ့ ဇက်ကြောတက်တဲ့ ရောဂါက ထဖောက်တော့တာပဲ

ခဏနေတော့ ထိုကားပေါ်ကနေ T-shirtအဖြူအမဲအစင်းလေးကို ခဲရောင် long pants လေးနဲ့အတူ လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် ဆင်းလာပြီး junkyu ကားဆီကိုလျှောက်လာခဲ့တယ်

junkyu သေချာကြည့်မိတော့မှ..
'ဒီလူသားဆီမှာ အရမ်းဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေ ရှိတာပဲ' လို့ သူရုတ်တရက်တွေးလိုက်မိတယ်
ပုံစံကြည့်ရတာတော့ တကယ်ကိုပဲ သာမန်ဆိုတာထက် ပိုဆွဲဆောင်မှုရှိတဲ့ လူသားတစ်ယောက် ပါလား.....

''ဒီမှာခမျ ဟို..ဘာများဖြစ်သွားသေးလဲမသိဘူး.?''

''ဘာမှ မဖြစ်ဘူး''

junkyu မာဆတ်ဆတ်လေသံနဲ့ ပြန်ပြောမိတယ်.အမှန်တကယ်ဆို အခု junkyu ပုံစံက သူ့ရည်းစားကို စိတ်ကောက်နေတဲ့ပုံစံနဲ့ ပိုတူတာပါ

''ခများ တကယ်ပဲ ကားကိုဘယ်လိုမောင်းနေတာလဲ''

''တကယ် တောင်းပန်ပါတယ်ဗျာ.ကျနော့်ညီလေးက အခုမှကားမောင်းသင်ကာစမို့လို့ပါ. ဒါနဲ့ ခများတကယ် ဘာမှမဖြစ်ဘူးမလား''

''ဘာမှ မဖြစ်ဘူးလို့ပြောပြီးပြီလေ''

''အဲ့ဆို ပြီးတာပါပဲဗျာ.ကျနော်က ဘာများ ကူညီရမလဲလို့ပါ. ဒါနဲ့သေချာရဲ့လား ခများဘာမှမဖြစ်ဘူး ဆိုတာ..''

A Love Story of JiKyu 🐼🐨Where stories live. Discover now