"အင်းး နားလည်ပြီ ခနနေတွေ့မယ် "
အလုပ်ကိစ္စနဲ့ဖုန်းဝင်လာလို့ခြံထဲဖုန်းပြောပြီး အပြင်သွားးရာကိစ္စရှိကြောင်းကောင်လေးအားပြောရန်
အိမ်ထဲဝင်ဖို့လုပ်တော့ ဘယ်ကတည်းကခြံထဲရောက်နေတဲ့မသိတဲ့ကောင်လေးက ပန်းပင်တွေရေလောင်းနေသည်။နေပါဦး အဲ့ပန်းပင်တွေက ရေလောင်းထားတာမနက်စောစောလေးကမှလားလို့
ပြီးတော့ ကောင်လေးပုံကတမျိုးဖြစ်နေသလိူပဲ
ရေလောင်းနေရင်းနဲ့ လူတစ်ယောက်လုံးရှိနေတာကိုအခုမှမြင်သလိုနဲ့
"အယ် အကို ဘယ်တုန်းကရောက်နေတာ"
"အဲ့တာကိုယ်ကမေးရမှာမဟုတ်ဘူးလား ကိုယ်ကအရင်ခြံထဲရောက်နှင့်နေတာပါနော်"
"ဟုတ်လား မသိဘူးရယ် ကျတော်ကဒီတိုင်းအပင်တွေရေလောင်းရအောင်ဆင်းလာတာ"
မျက်ခုံးနှစ်ခုကိုတွန့်ချိုးပြီး လက်နှစ်ဖက်ပိုက်လျက်အနားကိုတေဖြးေဖြးလမ်းလျှောက်လာတဲ့အကိုက
ငါသူ့ဖုန်းခိုးနားထောင်တာကိုသိသွားတာများလား ဂလု"ဟုတ်လို့လားကောင်လေးး မလိမ်တတ်ပဲနဲ့နော်"
"ဟုတ် ဟုတ်ပါတယ်အကိုရဲ့"
စူးစမ်းနေတဲ့အကို့မျက်လုံးတွေကိုအကြည့်လွှဲရင်းနဲ့သာေြဖလိုက်ရတော့သည်။"ဟုတ်ပါပြီ ထားပါတော့"
အဲ့ဒီနောက်မှာ ခနတာ တိတ်ဆိတ်သွားတဲ့ရပ်ဝန်း
မနေနိုင်ပဲသိချင်လွန်းနေတဲ့ သူကသာစကားစလိုက်ရသည်။။
"အခုနက ဖုန်းပြေားေနတာနားစွန်နားဖျားကြားလိုက်တယ် အပြင်သွားမလို့လားအကို"
"လက်စသတ်တော့ကိုယ့်ဖုန်းတွေကိုခိုးနားထောင်နေတယ်ပြောပါ"
"အယ် မဟုတ်ပါဘူးနော် ဒီတိုင်းနားစွန်နားဖျားကြားလိုက်လို့မေးတာပါ။"
"ဟွန့် ပြောတာပဲ ထားပါတော့
ဟုတ်တယ် ကိုယ် အပြင်သွားစရာရှိတယ်""ဘယ်လောက်လောက်ကြာမှာလည်းဟင်"
မေးသာမေးလိုက်ရတယ် စိတ်ထဲမဝံ့မရဲမတော်လို့ ပြန်မလာတော့ဘူးဖြေလိုက်ရင်ရင်ကျိုးရမှာ
YOU ARE READING
Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်
أدب الهواة"ရှင်သန်နေသရွေ့ အကို့အားချစ်နေမည်။ နှလုံးသားထဲအကိုရှိနေသရွေ့ရှင်သန်နေမည်။ ထို့ကြောင့် နှလုံးသား၌အကိုရှိနေသည်မှာ ရှင်သန်းခြင်းရပ်ဝန်းဖြစ်တည်နေခြင်းဖြစ်သည်။"