မနက်ထမင်းစားဝိုင်းတွင်
"မီးငယ် စားလေ ဘာလို့လဲ"
"ဒါတွေ မစားချင်ဘူး"
"ရော့ပါ ဒါလေးတွေစား ကော်ဖီမသောက်နဲ့ မီးငယ်က ငယ်သေးတယ် ကိတ်လေးပဲစားနော်"
"စားဘူး "
"မီးငယ့်!! "
"ဟင့် မေမေက မီးငယ်ကို အော်တယ် အီးးအီးး မီးငယ်မှ ဒါတွေကို မစားချင်တာဟင့်"
"မြူ ကလေးကို မအော်ပါနဲ့ဟာ"
"မီးငယ် လာ တီတေီနှာင်းနဲ့ လိုက်ခဲ့ မီးငယ်စားချင်တာ ဝယ်ကျွေးမယ်""နှောင်း!!"
"မြူရာ ကလေးကို အဲ့လောက် မချုပ်ချယ်ပါနဲ့" မြူလဲ ကိုယ့်သူငယ်ချင်းအကြောင်းသိတာမလို့ ဘာမှ ပြောမနေတော့ပါ
"ဟင့် တကယ်လားဟင်"
"တကယ်ပေါ့ လာ သွားကြမယ်"
"နှောင်း မနက်စာ မစားတော့ဘူးလား"
"အင်း တော်ပြီ"
နှောင်းမီးငယ်စားချင်တဲ့ဟာတွေရယ် သွားချင်တဲ့နေရာတွေရယ်ကို လိုက်ပို့ခြင်းကြောင့် ၅နာရီလောက် ကြာပြီးမှ အိမ်ရောက်သည်
နှောင်းအိမ်ရောက်တော့ ဧည့်ခန်းထဲမှာ ဆည်းဆာနှင့်အတူ မြူပါ ထိုင်နေသည် နှောင်းကိုမြင်တော့ဆည်းဆာ ထသွားသည် နှောင်းလဲ ဘာမှ ပြောမနေတော့ပါ
"နှောင်းပြန်ရောက်ပြီလား"
"အင်း "
"ဟယ် နှောင်းရယ် ကလေးကို မုန့်တွေအများကြီး ဘာလို့ဝယ်ပေးတာလဲ"
"ကလေးစားချင် တဲ့ဟာတွေမလို့လေ ကလေးကို အများကြီးမစားအောင် ငါပြောပါ့မယ်"
"မီးငယ်""ရှင် တီတီနှောင်း"
"မုန့်တွေကို နည်းနည်းချင်းစီပဲစားနော် မဟုတ်ရင် မီးငယ် သွားလှလှလေးတွေကို ပိုးကောင်လေးတွေစားသွားလိမ့်မယ်"
"ဟုတ်ကဲ့ တီတီနှောင်း"
"မီးငယ်က လိမ္မာပါပြီးသားပါ"
ဆည်းဆာ ဟိုလူယုတ်မာနားလေးမှာ မနေချင်တာကြောင့် ထထွက်လာသည် ဘာမှ မပြောတာ တော်သေးသည် မဟုတ်ရင် စိတ်ညစ်ရဦးမှာပင်
YOU ARE READING
ဗီလိန် (Villain)
Storie d'amore"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်