မနက်ရောက်တော့ အာရုံဦးတစ်ယောက် ညကတည်းက ပျောက်နေတာကြောင့် ဦးပိုင်ခန့် တစ်ယောက် ခေါင်းမီးတောက်နေသည်
"ဘာသတင်းရလဲ ကိုရယ် ကျွန်မဖြင့်စိတ်ပူလိုက်တာ"
"ဟိုတယ် မယ်လို့ပြောတယ် ကို တို့သွားကြမယ်" ဟိုတယ်ရောက်တော့ ဝန်ထမ်းကောင်မလေးပြောတဲ့ အခန်းနားကိုရောက်တော့ ဦးစိုးထက် ဆိုသည့် လူကလဲ ရောက်နေသည်
ဦးပိုင်ခန့် ခေါင်းထဲ အတွေးတချို့ဖြတ်သွားသည် မဟုတ်ပါစေနဲ့ လို့ဆုတောင်းပေမယ့် သူ့ဆုတောင်းတွေက မပြည့်ခဲ့
ကုတင်ထက်မှာ အဝတ်ဗလာနဲ့ လူ၂ယောက်
ဦးစိုးထက်နဲ့ဦးပိုင်ခန့်တို့ မျက်နှာသိသိသာသာ ပျက်ယွင်းသွားသည်
ဦးပိုင်ခန့် သူ့သား အာရုံဦးကို ကြည့်လိုက်သည် မျက်လုံးတွေဖောင်းနေသည် မျက်ဝန်းတွေလဲ နီနေသည် ငိုထားတာပဲ
ဒီကစ္စက သာမန် သွေးရိုးသားရိုး မဟုတ်တာတော့ ၂ဖက်စလုံး သိကြသည်
အာဏာတည်တံ့ နိုးလာတော့ သူ့ဘေးမှာ ကောင်လေးတစ်ယောက် ခေါင်းတွေကလဲ ထိုးကိုက်နေသည် စိုက်ကြည့်ခံနေရသည်လို့ ခံစားမိတာကြောင့် တံခါးဘက်ကြည့်မိလိုက်ချိန်
"ဖေဖေ"
"တောက်"
"အာဏာတည်တံ့ မင်းတို့အဝတ်အစားတွေဝတ်လိုက်"ထိုအခါမှ အာဏာတည်တံ့တစ်ယောက် သူ့ကိုယ်ပေါ်မှာ အဝတ်အစားမရှိမှန်း သတိထားမိသည် ဒါဆို ညက အာဏာစိတ်ရှုပ်သွားရသည်
ဘေးကတစ်ယောက်က တောက်ခေါက်ခံကြောင့် နိုးလာပုံရသည် အာဏာ ဘေးက ကောင်လေးကို စိတ်ပျက်တဲ့ အကြည့်တွေနဲ့ကြည့်လိုက်မိသည်
အဝတ်အစားဝတ်ပြီးတာနဲ့ ဖေဖေနဲ့ အခြားသူတွေ ဝင်လာသည်
"ဖေဖေ "
"မင်း ပါးစပ်ပိတ်ထား အာဏာတည်တံ့"
"နားနဲ့မနာ ဖဝါးနဲ့နာပါ ဦးခန့်ပိုင် ဒီလက်ထက်ပွဲကို ကျွန်တော်တို့ဘက်က အပြည့်အဝ တာဝန်ယူပါ့မယ်"
"ကောင်းပါပြီ"
"တစ်ခုလောက် တောင်းဆိုချင်လို့ပါ"
YOU ARE READING
ဗီလိန် (Villain)
Romance"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်