Chapter 118

1K 101 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 118
Translated by Utopia 

ရှဲ့ရွှမ်းကျီရဲ့ အကြည့်က သူမဆီမှာပဲ ဝဲနေပြီး ငေးမောနေမိတယ်။ မုမင်ထန်ရဲ့အသံကြားမှ ချက်ချင်းပဲ အကြည့်လွှဲသွားပြီး

“ဘယ်လိုလုပ် ဖြစ်မလဲ။ ဒုတိယအစ်ကိုတော်ကို ကျွန်တော့်အစ်ကိုရင်းလိုပဲ မှတ်ယူထားတာပါ။ အခုလို အစ်ကိုတော်က မမာမကျန်းဖြစ်နေပြီး မရီးတော်က ပြုစုပေးနေရတဲ့အချိန်မျိုးမှာ မရီးတော်တို့ကို လာနှုတ်ဆက်ရတာက အရေးအကြီးဆုံး အရာပါပဲ။ မရီးတော်အပေါ် ကျွန်တော် လေးလေးစားစားနဲ့ ဆက်ဆံရမှာပါ၊ နောက်ပြီး ဦးရီးတော်ရှိစဉ်ကဆို ကျွန်တော့်အပေါ်  အများကြီး ကြင်နာခဲ့ပြီး အစ်ကိုတော်ကလည်း အများကြီး ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ နှုတ်ခွန်းဆက်တာကို မရီးတော် မငြင်းစေချင်ပါဘူး”

မုမင်ထန် သက်ပြင်းချလိုက်တယ်။ သူတို့က အဲ့လောက် ဝတ္တရားကျေပွန်ပြချင်နေဆိုမှတော့လည်း သဘောပေါ့။ မိုးထဲရေထဲ လာနှုတ်ရတာက သူမ မှ မဟုတ်တာ၊ မနက်ခင်းတိုင်း လာနှုတ်ဆက်မယ့်သူ ရှိနေတာကို ဘယ်လိုငြင်းလွှတ်ရမှာလဲ။ မုမင်ထန် ခေါင်းညိတ်လိုက်ပြီး

“ဘယ်လောက်တောင် ကြင်နာတတ်လိုက်လဲ။ ကျင်းဝမ်ရယ်နဲ့ ဝမ်ဖေးတို့က လူငယ်တို့ရဲ့ဝတ္တရားအတိုင်း ကျေပွန်ချင်ပါတယ်ဆိုလာတော့လည်း ကျွန်မ မတားတော့ပါဘူး။ ဒါပေမဲ့ ဒီနေ့ ဝမ်ရယ်တို့ ရောက်လာတာ စောတော့ စောတယ်။ မနက်စာ စားလက်စဆိုတော့ ချက်ချင်းလည်း ထွက်လာလို့ မရတာနဲ့ နည်းနည်း ကြာသွားတယ်။ ကျင်းဝမ်ရယ်နဲ့ ကျင်းဝမ်ဖေးတို့ကို တမင်စောင့်ခိုင်းထားတယ်လို့တော့ မထင်ပါဘူးနော်?”

“ဒါပေါ့ မထင်ပါဘူး” ရှဲ့ရွှမ်းကျီက ရင်ဘတ်ရှေ့ လက်ဟန်နဲ့ အရိုအသေပေးကာ “ကျွန်တော်တို့ အဲ့လိုမျိုး မတွေးပါဘူး။ မရီးတော် မနက်စာ စားနေတာကို နှောင့်ယှက်သလို ဖြစ်သွားရင် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးစေချင်ပါတယ်”

မုမင်ထန် သူတို့ကို ကြည့်ရင်း ကြင်ကြင်နာနာ ပြုံးလိုက်တယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now