**Bang!(သေနတ်ပစ်သံ)**
ဒီညတွင်လည်း ဝမ်ဝီဝါသည် ကျွန်မနှင့်လာအိပ်လေသည်။ ဝမ်နှင့် တူတူအိပ်ရသည့် ရှေ့ရက်များတွင် ကျွန်မ၏အမည်ဖော်ရခက်သည့် ထူးဆန်းသောခံစားချက်များ အဆက်မပြတ်ဖြစ်ပေါ်နေသည်။ ကျွန်မ၏ခံစားချက်ကို ကျွန်မဘယ်လိုရှင်းပြရမလဲ မသိသော်လည်း ကျွန်မဖတ်ဖူးသည့်မဂ္ဂဇင်းထဲက ခံစားချက်အတိုင်းပင်ဖြစ်နေသည်။
ဝမ့်နှင့် နီးကပ်စွာ ရှိနေလျှင် ကျွန်မစိတ်ကြွလာသည်။
(မူရင်းဝတ္ထုတွင် Horny ဟူ၍သုံးထားပါသည်။ Horny=လိင်စိတ်ကြွသည် တစ်နည်းအားဖြင့်ဆိုသော် လိင်ကိစ္စကို သွေးသားဆန္ဒမှ အလွန်တောင့်တသည် ဟူ၍ အဓိပ္ပာယ်ရပါသည် သို့သော် ဘာသာပြန်ဆိုရာတွင် 'စိတ်ကြွသည်' ဟူ၍သာသုံးထားပါသည်။)ကျွန်မနှင့်ဝမ်သည် ဘဝတစ်လျှောက်လုံး နီးကပ်စွာ ရှိခဲ့ကြပါသော်လည်း ကျွန်မ၏ခံစားချက်တို့သည် ဒီနှစ်မှပင် ထူးဆန်းနေသည်။ ဤခံစားချက်အားလုံး၏အစမှာ ရေချိုးကန်ထဲမှထွက်ပေါ်လာခဲ့သော ဝမ်ဝီဝါ၏ တိုးဖွဖွ ညည်းသံကြောင့်ပင်ဖြစ်သည်။
ကျွန်မအိပ်နေရာမှ ထ၍ သန့်စင်ခန်းသွားလိုက်ပြီး အိပ်၍မပျော်နိုင်တော့ပေ။ အိပ်ယာခင်းတွင် ဖြန်းထားသော အမွေးနံ့နှင့်ရောနေသည် ဝမ်ဝီဝါ၏ ကလေးပေါင်ဒါနံ့ ကိုယ်သင်းရနံ့ကလေးသည် ကျွန်မထံသို့တစ်စိမ်မ့်စိမ့်ပျံ့လွင့်လာသကဲ့သို့ အသေးစိတ်သတိထားနေမိသည်။ ဝမ့်အား ကျွန်မအသဲယားစွာ ကလေးလေးတစ်ယောက်ကဲ့သို့ သိမ်းကြုံး ပွေ့ဖက်ထားချင်ပါသော်လည်း ဝမ်သည် ကလေးလေးမဟုတ်ပေ။ အသက် 17 နှစ်အရွယ်ရှိသော မိန်းကလေးတစ်ယောက်အား ကျွန်မထိုကဲ့သို့ပွေ့ဖက်ထားလျှင် အရမ်းကြောင်တောင်တောင်နိုင်သည့် အခြေအနေမျိုးဖြစ်နေလိမ့်မည်။
ဝမ့်အား ကျွန်မနှင့်တူတူပေးအိပ်ထားမိခြင်းသည် ကျွန်မအတွက် အဆင်ပြေပါ့မလားပင် မသိတော့ပေ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့်ဝမ့်အား ကျောပေးထားရာမှ ကျွန်မဝမ့်ဘက်လှည့်လိုက်သည်။ ခပ်ဖြည်းဖြည်းမှန်မှန်အသက်ရှုကာ နှစ်ခြိုက်စွာအိပ်နေသော ဝမ့်အား တစ်စိမ့်စိမ့်ကြည့်ကာ ကျွန်မကိုယ်ကျွန်မ မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းဖြင့်ဝမ့်ပါးအားခပ်ဖွဖွ ဖိကပ်နမ်းရှိုက်မိသည်။ ဤသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။
ESTÁS LEYENDO
အငယ်အနှောင်း (Affair)
RomanceAffair gl series ၏ မူရင်းဝတ္ထုကို မြန်မာဘာသာပြန်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။ တစ်ခုခု အမှားပါခဲ့သည်ရှိသော် ဘာသာပြန်ဆိုသူ ကျွန်မ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည် ။ T.L.S.L