Part 12

1.5K 109 19
                                    

ဒီနေ့ မောင် အစောကြီးနိုးနေရတဲ့အကြောင်းအရင်းကတော့ မောင့်ခင်လေးပန်ဆင်ရန်အတွက် ဟဲဟဲ ဂိုဂို့ခြံထွက်ဖြစ်တဲ့ နှင်းဆီပန်းလေးကို ခိုး ခူးရန်ဖြစ်သည်။

"အာ့"

ကျစ်  နှင်းဆီပန်းက ဘာလို့ အဲ့လောက်အဆူးတွေများနေရတာလဲ မဖြစ်သေးပါဘူး အဆူးတွေကို သေချာဖယ်မှရမယ် ဒါမှ မောင့်ခင်လေးလက်ကို အဆူးတွေမဆူးမိတော့မှာ

"အင်း ရပြီ အဆူးတွေမရှိတော့ဘူး ခင့်ကို သွားပေးဖို့ဘဲ ကျန်တော့တယ်"

မောင်နဲ့ ဂိုဂိုနဲ့က အကျင့်စရိုက်ကအစ တော်တော်များများတူပေမဲ့ မတူတဲ့အချက်တစ်ချက်တော့ရှိပါတယ် ။ အဲ့တာက ဘာလဲဆိုရင် ပန်းစိုက်တာလို့ဘဲပြောရမယ်ထင်တယ် ဂိုဂိုက ဘယ်ပန်းကိုဘဲ စိုက်စိုက် ပန်းပင်တိုင်းက အပွင့်များများပွင့်ပြီး လှလှပပနဲ့ရှင်သန်ကြတယ် မောင်ကတော့ လက်ပူလို့ဘဲလားမသိပါဘူး ဘယ်အပင်ဘဲစိုက်စိုက် စိုက်သမျှအပင်တိုင်းအကုန်သေတယ် ဒါ့ကြောင့် ဂိုဂိုက သူ့အပင်တွေကို မောင့်ကို ပေးမထိခြင်းပေဖြစ်သည်။ မပေးထိလဲ မောင်ကတော့ မောင့်ခင်လေးအတွက် ခူးရမှာဘဲလေ ဟဲဟဲ 😁

ပန်းခူးပြီးတာနဲ့ မောင်လဲ မမခင်တို့ ဝိုင်းကို ထွက်လာခဲ့လိုက်တော့သည်။

"ဗျို့ မမခင် မောင့်ခင်လေးရေ"

ထိုအချိန် ဒေါ်ခင်သက်ထွေး က အိမ်ထဲကနေ ထွက်လာခဲ့တော့သည်။
အိမ်ထဲက ထွက်လာသူမှာ ခင်မဟုတ်ဘဲ ဒေါ်ခင်သက်ထွေးဖြစ်တော့ ယိမ်းရဝီမောင်တစ်ယောက် မျက်နှာကအီးမှန်ထားတဲ့ ရုပ်ကြီးဖြစ်သွားတော့သည်။

"အမလေး ရဝီလေးတို့များနော် ဇွဲကောင်းလိုက်တာ သမီးခင်အတွက် ပန်းလာပေးတာလား ရဝီ"

ယိမ်းရဝီမောင်လဲ ဒေါ်ခင်သက်ထွေးကို ရယ်ကြဲကြဲလေးပြုံးပြကာ

"ဟုတ် မေမေခင်သက် ဒါနဲ့ မမခင်ရော မေမေ"

"သမီးခင်က စျေးသွားတယ် ရဝီလေးရဲ့ ခနနေပြန်ရောက်တော့မှာပါ"

"ခါတိုင်း ဦးလေးဘဲ စျေးသွားတာမဟုတ်ဘူးလား မေမေခင်သက်"

"ရဝီ့ ဦးလေးက ဒီနေ့အလုပ်ကိစ္စရှိလို့ဆိုပြီးအလုပ် ကိုအစောရီးသွားတော့ သမီးမမခင်ကဘဲ စျေးသွားရတာပေါ့ကွယ်"

ဗျို့  မမခင်Where stories live. Discover now