ကျောင်းပိတ်ရက်တွေက မောင့်အတွက်တော့ ပျင်းဖို့ကောင်းလိုက်တာ မေမေနဲ့ ခင်ကတော့ ကျောင်းမှာ အစည်းအဝေးရှိတယ်ဆိုလို့ သွားကြတယ် ဟုတ်သားဘဲ မကြာခင် ကျောင်းအလှူတောင်ရောက်တော့မယ်။
မောင်လဲ အိမ်ရှေ့က အပင်အောက်က ကွပ်ပျစ်ပေါ်မှာ ထိုင်နေတုန်း ဝိုင်းထဲကို ဝင်လာတဲ့ မဲကြီးကို တွေ့လိုက်ရသည်။
"ဘာလုပ်နေလဲ ယိမ်းရဝီမောင် "
"ဘာမှ မလုပ်ပါဘူး မဲကြီးရာ ပျင်းလို့ ထိုင်နေတာ"
"မဲကြီး "
"ဟေ"
"ပျင်းလိုက်တာကွာ ငါ တို့တစ်ခုခုလုပ်ရအောင်"
"ငှက်သွားပစ်ကြမလား မောင်"
"ဟာ မပစ်ချင်ပါဘူး မဲကြီးရာ အမေသိရင် ငါ့ကို သတ်လိမ့်မယ်ဟ"
"နင်ကလဲ ဆရာမမှ မရှိတာ ဘယ်လိုသိမှာလဲ နင်မပစ်ချင်ရင်လဲ ငါနဲ့အဖော်လိုက်ခဲ့ပေးလေဟာ နော်"
"မိန်းခလေးဖြစ်ပြီးတော့ ငှက်ပစ်မလို့လား မဲကြီး"
" ငါတို့ရွာမှာက မိန်းကလေးဘဲ ဖြစ်ဖြစ် ယောကျ်ားလေးဘဲ ဖြစ်ဖြစ် ကလေးကအစ အကုန်ငှက်ပစ်ကြတာဘဲလေဟာ ရရင် ငါနင့်ကို ငှက်ကြော်ကောင်းကောင်းလေးကြော်ကြွေးမယ်လေ ဘယ်လိုလဲ လိုက်မလား"
အစက မလိုက်ချင်ပေမဲ့ မဲကြီးက အစားနဲ့သိမ်းသွင်းလိုက်တော့ ယိမ်းရဝီမောင်တစ်ယောက် လိုက်ခဲ့ရတော့သည်။
"အေးပါဟာ အေးပါ လိုက်ခဲ့ပေးမယ် "
"ဟဲဟဲ ဒါဆို သွားကြမလား"
"ငှက်က ဘယ်မှာ သွားပစ်မှာလဲ ''
"ဘကြီးပြောင်တို့ လယ်ကွင်းမှာလေ"
"ခနနေအုံး ငါဘောင်းဘီသွားလဲ လိုက်အုံးမယ် "
"အေးအေး"
ဒီလိုနဲ့ မောင်လဲ ဂျင်းဘောင်းဘီအမဲရောင်အတို ကို အပေါ်က အကျီ်အဖြူလက်တိုနဲ့ တွဲဝတ်ပြီး အိမ်အောက်ကိုပြန်ဆင်းလာခဲ့ပြီး မဲကြီးကို အော်ပြောလိုက်သည်။
"သွားကြမယ် မဲကြီး"
"အေးအေး ငါ့ အိမ်မှာ လေးဂွ နဲ့ လောက်စလုံးအရင်သွားယူကြမယ်"
YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။