ဟေးးးး လုပ်ထား ဖြောင်းဖြောင်းဖြောင်း
ကျောနံပါတ် 10 ကွ!ကျွန်တော်သည်ဘောလုံးပွဲကြည့်နေသောပရိတ်သတ်များထဲမှတစ်ယောက်ဖြစ်သည်
တက္ကသိုလ်ဘောလုံးပွဲဖြစ်သည့်တိုင် အဖေနှင့်အမေသည်လမ်းကြုံသဖြင့် ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာကာ ဝင်အားပေးနေသည် ခနအကြာ ကျွန်တော်ဘောလုံးပွဲထဲစိတ်နစ်နေချိန် ဘယ်ရောက်သွားမှန်းမသိတော့ချေကျွန်တော်သည်လူရှုပ်နေသောနေရာများကိုသျပ်မကြိုက်တတ်သောကြောင့်ပွဲကြည့်စင်တွင်မနေဘဲ ကွင်းဘေးရှိသစ်ပင်ရိပ်အောက်က ခုံတွင်ထိုင်နေလိုက်သည် ကျွန်တော့်အနားတွင်လည်းကျွန်တော့်နည်းတူ မတ်တတ်ရပ်နေသူများ ဆောင့်ကြောင့်ထိုင်နေသူများနှင့် အပင်အောက်ကခုံများတွင်ထိုင်နေသူများရှိနေသည်
မြေကြီးသည် နှင်းများစိုနေသောကြောင့်မဲနက်ကာ မာကျောလျက်ရှိသည် မြက်ခင်းစိမ်းများမှာလည်း နှင်းရည်ဝကာ စိမ်းလဲနေသည် တချက်တချက်တိုက်ခတ်လာသောလေညှင်းကြောင့်ဆောင်းရာသီမနက်ခင်းမှာပိုမိုအဓိပ္ပာယ်ပြည့်စုံသွားသည်
ထိုစဉ် ကျွန်တော့်ဘေးခပ်လှမ်းလှမ်းတွင်စက်ဘီးတစ်စီးထိုးရပ်လာသည် ယောကျာ်းလေးစီးအနက်ရောင် ပြိုင်ဘီးမျိုးဖြစ်သည် စက်ဘီးပေါ်မှလူသည် ကျွန်တော်တို့ကျောင်း၏ tracksuit (ကျောင်းအားကစားလက်ရှည်ဂျာကင်) အဖြူရောင်ကိုဝတ်ဆင်ထားသည် စက်ဘီးရပ်ပြီးနောက် ဘေးနားမှသူ့အဖော်ဖြစ်ဟန်တူသည့်သူငယ်ချင်းဘေးတွင်ဝင်ရပ်သည်
လက်ရှိအနေအထားမှာ ကျွန်တော်ကခုံပေါ်တွင်ထိုင်လျက်ပွဲကြည့်နေပြီး သူကဘေးတွင်မတ်တတ်ရပ်၍ပွဲကြည့်နေသည်
ကျွန်တော်ခေါင်းအနည်းငယ်စောင်း၍မျက်လုံးထောင့်မှ ထိုသူအားအကဲခတ်လိုက်သည် မိန်းကလေးအတော်များများကြိုက်မည့်အခြေအနေမျိုးဖြစ်သည်
ခပ်ပါးပါးနှုတ်ခမ်းများကတည်တည်တံ့တံ့ရှိသည် အရပ်က 5ပေ 11ဘယလောက်ရှိမည်ထင်သည် ကိုယ်လုံးကိုယ်ထည်မှာ ပိန်ပိန်ပါးပါးဟုမဆိုနိုင်သော်လည်း ထွားကြိုင်းနေသောပုံစံလည်းမဟုတ်ပေ အတော်လေးကြည့်လို့ကောင်းသောပုံစံဖြစ်သဖြင့် ကျွန်တော် သုံး၊လေးခေါက်မျှပင်မျက်စိထောင့်မှခိုးကြည့်နေမိသည် နောက်ဆုံးတကြိမ်တွင် လူမိသွားသည် ထိုသူသည်လည်း ကျွန်တော့်အားခေါင်းစောင်း၍မျက်လုံးထောင်မှကြည့်လာသည် သူခိုးလူမိသွားသဖြင့်ရှက်သွားမည်ဟုထင်ပါသလား?
နိုးပါဗျာ ကျွန်တော်ခပ်အေးအေး မျက်နှာထားဖြင့်အရှေ့သို့ပြန်လှည့်လိုက်သည်
YOU ARE READING
ဆောင်းညအိမ်မက်
Romanceအခုမနက်မိုးလင်းခါနီးမှမက်ခဲ့တဲ့အိမ်မက်လေးပါ တကယ့်ကို သိပ်လှလွန်းလို့ ဒီမှတ်ဉာဏ်အပိုင်းအစလေးတွေကို မေ့ပျောက်မသွားအောင် သိမ်းဆည်းထားချင်မိလို့ပါ One shot fiction လေးတစ်ပုဒ်အဖြစ် အသက်သွင်းပါရစေ