we meet again

125 14 4
                                    

10
10လ ကြာခဲ့ပြီ။ ငါ fourth ဆိုတဲ့ရပ်၀န်းငယ်ကနေ ရှောင်ပြေးခဲ့တာ 10လရှိပြီ။ မေ့ပစ်လိုက်ပြီလို့ ပြောရင် လိမ်ရာကျမာပေါ့။ အချစ်ဦးရော၊ အချစ်ဆုံးရော၊ ကျွန်တော့်ဘ၀ရဲ့ မျှော်လင့်ချက်လေးရော ဖြစ်ခဲ့တာမလို့ မှတ်ဉာဏ်ထဲက‌ေရာ ၊ဘ၀ထဲကပါထုတ်ပစ်ဖို့ လွယ်မယ်လို့ ခဗျားတို့ထင်နေလား.......။ ဒီ 10လ အတွင်း ရှက်တဲ့စိတ်ရော၊ သိမ်ငယ်တဲ့စိတ်ရော၊ အားငယ်တဲ့စိတ်ရော ပေါင်းပြီး အလုပ်‌တွေ ကြိုးစားခဲ့တယ်။ အမေကလဲ ဆေးရုံကဆင်းလာခဲ့ပြီ။  အမေဆေးရုံဆင်းပြီးနောက်ရက် အမေ့မွေးရပ်မြေဖြစ်တဲ့ ချင်းမိုင်ကို ငါတို့ပြောင်းလာခဲ့တယ်။ ချင်းမိုင်မာဘဲ ကျောင်းဆက်တက်ပြီး အမေနဲ့အတူ ကိတ်မုန့်ဆိုင်လေးဖွင့်ဖြစ်ခဲ့တယ်။ ဆိုင်းက အရမ်းကြီးကျယ်တာမျိုးမဟုတ်‌ပေမယ့် အမေ့လက်ရာနဲ့ ငါ့ရဲ့ကြိုးစားမှုတွေကြောင့် ရောင်းအားကောင်းလာခဲ့တယ်။ ဆိုင်လေးဟာအတော်ချစ်စရာကောင်းပါတယ်.......။ ဘာလို့ဆို ချစ်ရသူကို သတိရတိုင်း သူနဲ့တူတဲ့၊ သူသဘောကျလောက်မဲ့ ပုံစံလေးတွေ ငါပြင်ဆင်ခဲ့လို့လေ...........။

"သားရေ....ကျောင်းသွားတော့မလို့လား..."

"ဟုတ်တယ်အမေ ဒီနေ့ လေ့ကျင့်ရေးရှိလို့ သားစောစော သွားရမာ...."

ငါ ဒီကျောင်းမာ ဘောလုံးအသင်းတစ်ခုထဲ၀င်ခဲ့ပါတယ်...။ သူငယ်ချင်းတွေလဲ အများကြီးရခဲ့တယ်...။ အရင်ကျောင်းက ငါ့အချစ်ဆုံးသူငယ်ချင်း phuwin နဲ့လဲ lineup. ကနေ အမြဲစကားပြောဖြစ်တယ်......။ ဒီကောင်က အခု ရည်းစားတောင်ရနေပြီတဲ့လေ...။ နောက်ကျောင်းပိတ်ရင် သူနဲ့ သူရည်းစား p'pond တို့ကို ချင်းမိုင်အလည်လာဖို့ ငါဖိတ်ထားပါသေးတယ်.....။

" ဂရုစိုက်သွားနော် သား... ရော့ ဒီမာမုန့်ဖိုး.... ရော့ဒါက သားကြိုက်တဲ့ စတော်ဘယ်ရီကိတ်..."

" ကျေးဇူး အမေ..လာပါအုန်း ဒီနေ့ တနေ့ကုန်လေ့ကျင့်ရမာ....အားရှိအောင် သားကိုနမ်းပါအုန်း..."

" ဟွန်းး အချွဲလေး...မွ...ကဲသွားတော့....."

ငါအမေပေးတဲ့ စတော်ဘယ်ရီကိတ်ဗူးလေးကို ကိုင်ပြီးကျောင်းလာခဲ့ပါတယ်...။ စိတ်ထဲမာရော..အတွေးထဲမာရော ချစ်ရသူက အမြဲရှိ‌နေတာကြောင့် သူနဲ့ပတ်သတ်တဲ့အရာတွေဟာ ငါရဲ့အနီးနားမာ အမြဲရှိတယ်....။ တစ်ခါမှ ဘ၀ထဲက ထုတ်ပစ်ဖို့မကြိုးစားခဲ့ပါဘူး...အသက်ရယ်....။

The last hope (Complete)Where stories live. Discover now