မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)Part 4

1.1K 18 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ(Unicode)

(အခန်း၄)

အယ်လီနာတစ်ညလုံးပြန်မလာ၍
စစ်တုဘုရင်စိတ်ပူ၍ အိပ်လို့ပင်မရပေ။
အယ်လီနာ့ဖုန်းကိုဆက်တော့လဲ လုံးဝ
မကိုင်ပေ။

ထို့ကြောင့် အိပ်မရမယ့်အတူတူ
စိုးရိမ်နေသည်ကြောင့် အယ်လီနာ့ကို
တစ်ညလုံးလိုက်ရှာနေခဲ့မိသည်။

ဘယ်မှာမှရှာမတွေ့သဖြင့် မိုးလင်းခါနီးမှ လက်လျှော့၍ပြန်လာခဲ့သည်။

ထိုအချိန်ထိ စစ်တုဘုရင် တစ်ရေးမှ
အိပ်မရ ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်လိုက် အခန်းထဲဝင်လိုက် ရေထသောက်လိုက်နဲ့ သူတစ်ယောက်တည်းသာ ပျာယာခတ်
နေမိသည်။

မနက်ဆယ်နာရီကျော်လောက်မှာတော့
အယ်လီနာရဲ့ကားလေးဟာ စံအိမ်ဆီ
ပြန်ရောက်လာခဲ့သည်။ထိုအခါမှ စစ်တုဘုရင်
စိတ်ထဲအေးသွားရသည်။

"ဘယ်တွေသွားနေတာလဲ အယ်လီနာ"

"ဟင် ဘယ်တုန်းကပြန်ရောက်တာလဲ
ဘုရင်"

"ကိုယ်မနေ့ညကတည်းကရောက်တာ
ပြောပါဦး မင်းဘယ်ကိုသွားတာလဲ"

"ငါ တစ်နေရာခဏသွားတာပါ.."

"အဲ့တစ်နေရာကဘယ်နေရာလဲ..
ကိုယ်သိချင်တယ်..ကိုယ်မင်းကို
တစ်ညလုံးလိုက်ရှာနေခဲ့တာ..ကိုယ်မင်းကို
စိတ်ပူနေလို့ တစ်ရေးတောင်မအိပ်ရသေးဘူး"

"Sorry ဘုရင်..ငါ..ငါညီမလေးဆီ ခဏ
သွားတာ.."

"တစ်ညလုံးမင်းညီမဆီသွားနေတာလို့
ပြောချင်တာလား အယ်လီတာ"

"မဟုတ်ဘူး ဘုရင်..ငါညီမလေးကို
သတိရလာလို့သွားတွေ့ပြီး တစ်ညလုံး
ဘားမှာသောက်နေတာ..."

ဖွဲ့ မလိမ်ချင်၍လိမ်လိုက်ရသည်။မောင်နဲ့
သွားတွေ့တာသိရင် စစ်တုဘုရင်စိတ်တို
လိမ့်မည်။အချိန်မကျသေးပဲတွေ့တယ်ဆိုပြီး
ဒေါသဖြစ်ဦးမည်။

မောင်နဲ့ဖွဲ့ရဲ့ပတ်သက်မှု့ကို
အမှန်တိုင်းသိ၍မဖြစ်ပါ..မဟုတ်ရင်
ဖွဲ့အစီစဥ်များပျက်သွားနိုင်သည်။ညီမလေး
ကိုသာအသုံးချ၍ ဖွဲ့ညာပြောလိုက်သည်။

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Où les histoires vivent. Découvrez maintenant