အပိုင်း1

415 22 1
                                    

Anon phuwakamol

မောင်လေး နာမည်ဘယ်လိုခေါ်လဲ”

ခုံပေါ်ကို ဖင်ထိုင်ပြီးပြီးချင်း ဒီမေးခွန်းက ငါ့ကို တိုက်ခိုက်လာသည်။

ငါ့ရှေ့က မေးခွန်းမေးလိုက်တဲ့လူကတော့ စီနီယာအစ်မပါ။ သူတယောက်တည်း မဟုတ်ဘဲ ဘေးမှာကင်မရာကိုင်ထားတဲ့ တခြားသူတွေ ပါသေးတယ်။ ကျောင်းသားအသစ်တွေရဲ့ ပုံရိပ်ကို မှတ်တမ်းတင်မလို့လို့ ခန့်မှန်းရပါတယ်။

“အာ ကျွန်တော့်နာမည်ကတော့ Armပါ”

“ဘယ်ဌာနကို မောင်လေးလျှောက်ထားတာလဲ”

“လျှပ်စစ်အင်ဂျင်နီယာ ဌာနပါ”

“မောင်လေးကို ဓာတ်ပုံရိုက်လို့ရမလား။ အင်ဂျင်နီယာ Boy pageမှာ ကောင်မလေးတွေရဲ့ အော်သံလေးတွေ ကြားရအောင် တင်ချင်လို့ပါ။”

သူမ ပြောလာတာကြောင့် ရှက်သွားပေမဲ့ ပျော်သွားသလို ခံစားလိုက်ရသည်။

“အဲ့တာက ကောင်းပါ့မလား”

“ကောင်းတာပေါ့။ Armက အရမ်းချစ်စရာကောင်းတော့ likeနဲ့ shareတွေ အများကြီးရမယ်ဆိုတာ ကျိန်းသေပြောရဲတယ်”

ကိုယ့်ကိုယ်ကို အဲ့လို မထင်ပေမဲ့လဲ အကျီကို သေသပ်အောင်တောင် ပြင်ပြီးသွားပြီ ဟီးဟီး။

ဆံပင်နဲ့ အကျီကို ဟိုသပ်ဒီသပ် လုပ်ပြီးတော့ စီနီယာတွေကို ပုံတွေအများကြီးရိုက်စေလိုက်သည်။ စီနီယာအစ်မက နောက်လူတွေကို ပုံရိုက်ဖို့ ခွင့်တောင်းပြီး ထွက်သွားတာနဲ့ တပြိုင်နက် ငါ့နာမည်ခေါ်သံကို ကြားလိုက်ရသည်။

“နောက်တယောက် အလှည့်ကျသူ Anon Phuwakomolအင်တာဗျူး အခန်းထဲသို့ လာပေးပါ”

ခုံကနေ ထလိုက်ပြီး အင်တာဗျူးအခန်းထဲကို ဝင်သွားလိုက်သည်။ လက်တဖက်က လွယ်အိတ်ကြိုးကို တင်းနေအောင် ကိုင်ပြီး အသက်ပြင်းပြင်းရူလိုက်ပြီး ထိုင်နေတဲ့ ဆရာမတွေကို ကြည့်လိုက်သည်။ ဆရာမနဲ့ ဆရာအားလုံးက ငယ်သေးပြီး နိုင်ငံခြားမှ ဘွဲ့ရလာပုံပေါ်ကာ အရှိန်အဝါ အပြည့်နဲ့ ဖြစ်သည်။

“ဘာလို့ အင်ဂျင်နီယာ ဌာနကို ရွေးချယ်ခဲ့တာလဲ” ပထမဆုံးမေးခွန်းက ရုတ်တရက်တိုက်ခိုက်လာသည်။

Perfect 10 liner( Myanmar translation)Where stories live. Discover now