Uni
💕ရှုပ်ထွေးခြင်းအပိုင်းအစများ💕
💕အပိုင်း ၁💕
ခြားနားရတု နှင့် ကညာပျို တို့၏ လက်ထပ်ထိမ်းမြားခြင်းက လက်ထပ်စာချုပ်တစ်ခုအပေါ်တွင် ပြီးမြောက်ခဲ့လေသည်။
တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမြတ်နိုး၍ လက်ထပ်ဖြစ်ခဲ့ကြခြင်း မဟုတ်သော်လည်း ၁နှစ်အရွယ်သာ ရှိသေးသော ကောင်းစစ်ရတု ဆိုသော သားငယ်လေး၏ နောင်ရေးအတွက် နှစ်ဖက်မိဘများ၏ သဘောဆန္ဒအရ လက်ထပ်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
ခြားနားရတု နှလုံးသားအလယ်ဗဟိုမှာ ရှိနေခဲ့သူမှာ လွန်ခဲ့သော ၁လခန့်က ကွယ်လွန်သွားရှာသော ချစ်ဇနီး ရတီပျို သာ ရှိနေခဲ့သည်။ သူသည် ချစ်ဇနီးအား လွမ်းဆွတ်သတိရမှုများစွာ ရင်မှာ ကြီးစိုးလာသည့်အခါ လွန်စွာ နာကျင်ခံစားရပါသည်။
ငယ်ရွယ်နုနယ်သည့် သူ့ ချစ်မြတ်နိုးရပါသော ဇနီးလေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် အကောင်းကြိုက်သော သေမင်းကြောင့် လူလောကထဲက စွန့်ခွာသွားသည့် အဖြစ်ကို သူ့ဘယ်လို ဖြေသိမ့်နားလည်ပေးရမည်နည်း။
"ရတီရယ်"
ည မီးရောင်အောက်မှာ သူ့မျက်ဝန်းတွေ အရည်လဲ့နေခဲ့သည်။ လွမ်းဆွတ်တမ်းတခြင်း ဟူသော လွမ်းဆွေးခြင်း ဝေဒနာတစ်ရပ်က နှလုံးသားအလယ်ဗဟိုကို ထိရှလာသည့်အခါ နှလုံးသား၏ ပူလောင်ခြင်း ဝေဒနာတစ်ရပ်မှာ မလူးသာမလွန့်သာ ဖြစ်စေခဲ့ပြန်ပါသည်။
စီးကရတ်ကို လက်ကြားထဲညှပ်ပြီး ဒရင်းဘက်ပေါ် လျော့ရဲရဲ မှီချလိုက်ကာ သူ မျက်လုံးအစုံကို မှိတ်ထားလိုက်မိပါသည်။
"ရတီရယ်"
သူ နှုတ်က တိုးဖွဖွလေး ခေါ်ညည်းမိသည့်က ချစ်ဇနီးလေး၏ အမည် နာမလေးပင်ဖြစ်သည်။ အိပ်၍ မပျော်သော ညတို့သည် ထို ၁လအတွင်းမှာ များခဲ့လေပြီ။ သူမကို လွမ်းတိုင်း ဝေဒနာကို ကြိတ်မှိတ်မြို့သိပ်တတ်ခဲ့သည့်မှာလည်း ကြာပြီ ဖြစ်သည်။
"အစ်ကို"
တိုးလျှလျှ ခေါ်သံကြောင့် သူ့ စောင်းငဲ့ကြည့်လိုက်ရာ ကညာပျိုဆိုသော မိန်းမချောလေးကို တွေ့လိုက်ရပါသည်။ ထိုအခါ သူ ခန္ဓာကိုယ်ကြီးကို ပြန်မတ်မတ်ထိုင်လိုက်ပြီး
YOU ARE READING
ရှုပ်ထွေးခြင်းအပိုင်းအစများ
Romanceခယ်အိုနှင့် ခယ်မ ဆက်ဆံရေးမှ လူကြီးမိဘတွေရဲ့ ဆန္ဒအရ ဇနီးမောင်နှံ ဖြစ်လာကြသူ နှစ်ဦး ဇနီးသည် သေဆုံးပြီးနောက် လူမယ်သားလေးကို စောင့်ရှောက်ဖို့ အတွက် မိဘတွေ၏ အလိုဆန္ဒအရ ဇနီးဖြစ်သူ၏ ညီမကို လက်ထပ်ခဲ့ရသော ခြားနားရတု မိဘနှစ်ပါးနှင့် အစ်မဖြစ်သူ သေဆုံးမှုကြော...