Arcအကြောင်း မရေးခင် အသိပေးစရာရှိလို့ပါ။ Arcဆိုတာ ဒီnovelရဲ့ အဓိကဇာတ်ကောင် Seme ပါ။ ခု seriesမှာက Arcကို beyond the star (ကြယ်ထက်သာလွန်သော)(ကြယ်တဖက်ကမ်း)ဆိုပြီး ဘာသာပြန်ကြပေမဲ့ novelမှာက Over the moonပါ။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါမယ်။ Thaiက တက္ကသိုလ်တွေမှာ ကိုယ်တွေ မြန်မာက တက္ကသိုလ်လို kingနဲ့queenဆိုပြီး မသုံးဘဲ အချောဆုံး ကျောင်းသားကို Moonလို့ သုံးပြီး ကျောင်းသူကိုတော့ starလို့ သုံးပါတယ်။ ဒီထဲက အဓိကဇာတ်ကောင် semeက ကျောင်းရဲ့ moonဘွဲ့ရထားတဲ့သူထက် ပိုချောတာကြောင့် သူ့ကို အားလုံးက over the moonလို့ တင်စားကြပါတယ်။ ဒီလောက်ဆိုရင် ရှင်းသွားကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် ဇာတ်လမ်းလေးစလိုက်ကြရအောင်။
Anol Paraminphisan ( Arc)
Over the moonဖြစ်တဲ့ Arcကတော့ မိသားစုထဲတတိယမြောက် ကလေးဖြစ်ပါသည်။ သူ့ရဲ့ နာမည်အရင်းကတော့ Anol Paraminphisanဖြစ်သည်။ ဘာလို့ ချမ်းသာတဲ့လူတွေ အဲ့လိုကြီးကျယ်ခမ်းနားလှတဲ့ နာမည်တွေ ပေးကြမှန်း ငါတော့ နားမလည်ပါဘူး။
Profileအရ မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး သူ့ရဲ့ အကျင့်စရိုက်ကတော့ သူကြိုက်တာမှန်သမျှ သူလုပ်ရမှ ကျေနပ်တဲ့လူမျိုးဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အငယ်ဆုံးဖြစ်တာကြောင့် မိဘတွေက ငယ်ငယ်တည်းက သူ့က်ူ အလိုလိုက်ထားလို့ပါပဲ။
သူ့မှာ Innဆိုတဲ့ အစ်မတယောက်ရှိပြီး အခုတော့ ဥရောပမှာရှိတဲ့ ကားshowroomပိုင်ရှင်နဲ့ လက်ထပ်ထားပြီးပါပြီ။ အကိုလတ်ကတော့ International engineeringဌာနမှာ ဖြစ်ပြီး မကြာခင် ဘွဲ့ရတော့မှာပါ။
(လုံးဝကို ရွေဇွန်းကိုက်မွေးဖွားလာပြီး လုပ်ချင်တာလုပ်ခွင့်ရတဲ့ over the moon Arcပါပဲ)ပြီးတော့ အဲ့ဒီ over the moonဆိုတဲ့ သူက ငါ့ရဲ့
စီနီယာကုဒ်(code)ဖြစ်ပြီး ငါ့ကို အနိုင့်ကျင့်ရတာကို ကြိုက်တယ်လေ။သူ့ရဲ့ နေထိုင်မှုပုံစံက သီးသန့်ဆန်ပြီးတော့ လူအနည်းငယ်ကသာ သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ကြသည်။
သူ့ရဲ့ နောက်ခံအင်အား ကို နားလည်ဖို့ အချိန်ခဏလောက် ယူလိုက်ကြပါ။ ကျောင်းက လူတိုင်း သူ့ရဲ့ နောက်ခံအင်အားကို သိကြပြီး ဒါက ပုံမှန်အကြောင်းအရာပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ထူးဆန်းတဲ့ ဗီဇကိုတော့ သူကိုယ်တိုင်ကလွှဲပြီး ဘယ်သူမှ မသိနိုင်ဘူးမလား။
YOU ARE READING
Perfect 10 liner( Myanmar translation)
Hayran Kurguတက္ကသိုလ်တူ မေဂျာတူ စီနီယာနဲ့ ဂျူနီယာကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ ဒေါသကြီးတဲ့ စီနီယာကောင်လေးက အူကြောင်ကြောင် ဂျူနီယာကောင်လေးကို လိုက်ပုံလိုက်နည်း အဖြာဖြာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။