အပိုင်း ၄၀၃- ၄၀၉

539 84 0
                                    

အပိုင်း ၄၀၃

လူနှစ်ယောက်၊ ခွေးတစ်ကောင်နှင့် ရုပ်သေးတို့သည် လျှောက်လမ်းမပေါ်တစ်ဖန် ပြန်လည်ရောက်ရှိလာကြပြန်သည်။ 

အသားစားပန်းပွင့်များက ဂျိုးဂျိုးဂျွတ်ဂျွတ်သံများဖြင့် လမ်းရှင်းနေကြစဥ်မှာ သွမ်မင့်က ခွာလေးဖက်ဖြန့်၍ နောက်က ကပ်လျက်ပါလာသည်။စန်းယွမ်ယွမ်၏ ခပ်မှနိမှန်ထိန်းချုပ်မှုအောက်တွင် အသားစားပန်းပွင့်များသည် သူတို့၏ အညိုရောင်ရိုးတံများမှ မှော်အစအနများအား ထပ်မံမထုတ်တော့ပေ။ သူတို့၏ ပန်းဖူးများ အတွင်း၌ သာ သိမ်းဆည်းထားသည်။ သူတို့၏ ပန်းဖူးကြီးများမှာ ကျောက်စိမ်းသလင်းခဲများနှင့် ပြည့်နေသည်မှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်။ ထို ကျောက်စိမ်းသလင်းခဲများကို သေတ္တာများအတွင်း ထည့်သွင်း ရေတွက်ပါက သေတ္တာအလုံးပေါင်း ရှစ်ဆယ်မှ တစ်ရာ ခန့်အကြားရှိနိုင်၏။ ပိုတောင်ပိုနိုင်သေးသည်။

အသားစားပန်းပွင့်တွေရဲ့အရွယ်အစားက ကုဗမီတာ နှစ်မီတာလောက်ရှိပြီး သေတ္တာတစ်လုံးရဲ့ အလျား၊ အနံ၊ အမြင့်က ၃၀ စင်တီမီတာ ရှိမယ်ဆိုရင်...........

 စန်းယွမ်ယွမ် တစ်ခဏမျှ တွက်ချက်ကြည့်လိုက်ပြီးနောက် လက်လျော့လိုက်တော့သည်။ ပညာရေးမှာ အပျင်းထူသူတစ်ယောက်အနေဖြင့် သူမအကန့်အသတ်ကို သူမသိလေသည်။

လမ်းတစ်လျှောက်တွင် ဝိညာဥ်စွမ်းအင်သတ္တုသွေးကြောများ မြောက်မြားများတွေ့ရသော်လည်း သူမ ယူဆောင်ခဲ့သော အရာလောက် အရည်အသွေးကောင်းမွန်ခြင်းမရှိပေ။ 

“ဒီဝိညာဥ်သွေးကြောတွေက မြေအောက်ခပ်နက်နက်ထဲမှာ နစ်မြှုပ်နေတာ.. ဒီလိုနေရာမှာ ရတနာတွေ မြှုပ်နှံထားတာကို ချင်ပြည်နယ်က မြေအောက်မြို့တော်တည်ဆောက်တုန်းက တွေ့လိုက်ရမှာပဲ။ ဒါကြောင့်ပဲ သူတို့တွေက မြေအောက်မြို့တော်ကို ကသုတ်ကရက် တည်ဆောက်လိုက်ရတာပဲ” 

စန်းယွမ်ယွမ်က သေချာတွေးတောကာ ပြောလိုက်၏။ 

“အင်းပေါ့” 

အကယ်၍ ဤဝိညာဥ်စွမ်းအားသံမဏိသတ္တုတွင်းတွေကိုသာသာ ခပ်တိမ်တိမ် မြှုပ်နှံထားမည်ဆိုပါက အနှီသတ္တုတွေကိုဖော်ဖို့ရာ တောင်ကိုဖွင့်လိုက်ရုံသာ။ မြေအောက်အနက်ကြီးထိ တူးနေစရာမလိုတော့။ 

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now