Ch 11

396 26 15
                                    

(Unicode)

"နာနေသေးလား"

"………"

"သူရိန် ငါ့ကိုစကားပြန်ပြောအုံး"

"မေ့လိုက်"

"ဘာကို"

"မနေ့က ဖြစ်ခဲ့တာတွေကို မရှိခဲ့တဲ့ကိစ္စလို မေ့လိုက်လို့"

"ဘယ်လိုလုပ်မေ့လို့ရမှာလဲ မင်းခန္ဓာကိုယ်ပေါ်က အမှတ်တွေက သက်သေပဲလေ"

"သုတ မဟုတ်သေးဘူးကွာ ငါတို့ကသူငယ်ချင်းအရင်းကြီးတွေလေ"

"ငါက အဲ့အဆင့်ထက်ပိုချင်နေတာ ကြာပြီ မင်းရောငါ့လိုတစ်ခါမှမခံစားခဲ့ရဘူးလား"

"ဟင့်အင်း ငါမိန်းကလေးတွေပဲကြိုက်တာ"

"မနေ့ကတော့ ကောင်းလိုက်တာဆိုပြီး ညည်းပြီး"

"သုတ!!"

"ငါ့ဘက်ကတော့မေ့မပေးနိုင်ဘူး ခဏခဏပြန်ပြောအုံးမှာ"

"မင်း ဒီနေ့ကစပြီး ငါ့သူငယ်ချင်းမဟုတ်တော့ဘူး"

"ဒါဆို ရည်းစားတွေဖြစ်ပြီပေါ့"

"မင်း မင်းအခြားတစ်ယောက်လို နေ့ချင်းညချင်းပြောင်းသွားလိုက်တာ"

"ငါ အရင်ကတည်းက မင်းအပေါ်အခုလိုဆက်ဆံချင်တာ ငါ့စိတ်ထဲမှာ မင်းနဲ့အခေါက်တစ်ရာလောက် အိပ်ပြီးသွားပြီ"

"ခွန်းသုတ!!"

"ဘေးချင်းကပ်ရပ်ကို အဲ့လောက်ထိအော်စရာမလိုပါဘူး ကြားတယ်"

"မင်းး မင်းနဲ့ဆက်မပြောတော့ဘူး"

"ဖြည်းဖြည်းထ"

"ရတယ် ငါ့အသားလာမထိနဲ့"

"ဟုတ်ပါပြီ မထိဘူး ရေချိုးပြီးရင် ဒါဝတ်လိုက် ငါအောက်ထပ်မှာစောင့်နေမယ်"
***

"daou ပြန်ပို့ပေးတော့လို့"

"မမောဘူးလား ဘယ်နှစ်ခေါက်ရှိနေပြီလဲ ခဏနားပြီးမှပြန်ပြော"

"daou မင်းပြောတော့ ချစ်တယ်ဆိုပြီး ငါ့ကို ဘာလို့အခုလိုဖမ်းထားတာလဲ ဘာလိုချင်လို့လဲ"

‌သူ့အနားကိုတဖြေးဖြေးတိုးလာကာ နားနားကိုကပ်ပြီး

"မင်းကို လိုချင်တာ"

ကိုယ့်အပိုင် (ongoing)Where stories live. Discover now