Part 14

1.9K 157 20
                                    


မောင်နဲ့ မဲကြီးနဲ့ ငှက်ကြော်စားနေတဲ့ အချိန်မှာ ဖွားလေးထွေးညိုက ဝိုင်းထဲကိုဝင်လာခဲ့သည်။

"ယိမ်းရေ......သမီးယိမ်းရေ"

မောင်လဲ အသံကြားလို့ မော့ကြည့်လိုက်ပြီး 

"မေမေ မရှိဘူး ဖွားဖွားထွေးညို "

ထိုအခါ ဖွားလေးထွေးညိုက မောင်တို့ ရှိရာစီကိုလျှောက်လာပြီး

"ဘယ်သွားတုန်းကွယ့်"

"ကျောင်းမှာအစည်းအဝေးရှိလို့ သွားတယ် ဖွားလေးထွေးညို မေမေပြန်လာရင် ရဝီ ဘာပြန်ပြောပေးရမလဲဟင်"

"ဖွားလေး လာသွားတယ်လို့ဘဲ ပြောပေးနော် ရဝီ"

"ဟုတ် ဖွားဖွား"

ဘေးနားက မဲကြီးကတော့ ငှက်ကြော်လေးကို တစ်ဂျွတ်ဂျွတ်မြည်အောင် ဝါးနေတော့သည်။ထိုအချိန် ဖွားလေးထွေးညိုက

"ဒါနဲ့ဘာတွေစားနေကြတာလဲကွဲ့"

"ငှက်ကြော်ပါ ဖွားလေး စားပါအုံး"

"ဘာငှက်တုန်းကွဲ့"

အရီးလေးထွေးညိုက စကားပြောရင်း ကွပ်ပျစ်ပေါ်မှာဝင်ထိုင်လိုက်တော့သည်။

"ဂျိုးပါ "

"ဟယ် ဟုတ်လား ဖွားလေးကလေ ဂျိုးဆိုသိပ်ကြိုက်တာကွယ့် ရဝီဖိုးလေးဟာဆို ပိုကြိုက်တာ"

"ဟမ်!!!😳"

ထိုအခါ မဲကြီးနဲ့ ယိမ်းရဝီမောင် တို့ နှစ်ယောက်သား မျက်လုံးကြီးပြူးကာ အာမေဠိတ်အသံတွေထွက်ကုန်ကြသည်။

"ဟဲ့ ကလေးတွေ ဘာလို့ ထအော်ကြတုန်း အမလေး လန့်လိုက်တာအေ "

"ဖွားလေးထွေးညိုကလဲ ဖွားလေးထွေးညိုပြောတာ ဖွားလေးစဥ်းစားကြည့်လေ"

"ဖွားလေးက ဘာပြောလို့တုန်း"

"ဖွားလေးဘဲ ဖိုးလေးဟာဆို ပိုကြိုက်တာဆို"

"အေးဟုတ်တယ်လေ ဖွားလေးပြောတာက ငှက်ကြော်တာကိုပြောတာလေ အော် ဒီကလေးတွေနှယ် ဘာတွေလျှောက်တွေးနေ ကြလဲမသိ"

ထိုအခါ မောင်နဲ့ မဲကြီးလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူရယ်မိကြတော့သည်။

ဗျို့  မမခင်Where stories live. Discover now