"မင်းဘာဖြစ်လို့ သူ့ကိုသတ်ပစ်ရတာလဲ"
ဂျေးသည်ဖြေစရာစကားမရှိတော့သော လူတစ်ယောက်ကဲ့သို့ ရှေ့တည့်တည့်ကိုသာငေးကြည့်နေခဲ့သည်။ သူ့ရဲ့နူတ်ခမ်းသားတို့သည်ဖြူဖျော့ကာ ခြောက်သွေ့နေခဲ့သည်။
သူနှင့်အမူစစ်ကိုစောင့်ကြည်နေသော မှန်တစ်ဖက်ခြမ်းမှ နစ်နာသူရဲ့အဖေ၊ အမေ၊ အကိုနဲ့ သတို့သားလောင်းတို့သည် သူ့အားအာရုံစိုက်ကာကြည့်နေသည်။
"ချစ်လို့....."
"မင်းကသူ့ကိုချစ်လို့သတ်ပစ်လိုက်တယ်ပေါ့"
"ချစ်လို့ အနားမှာနေပေးဖို့တောင်းဆိုခဲ့ဖူးတယ်။ ချစ်သူဖြစ်ခဲ့တဲ့ နှစ်နှစ်အတွင်းရော သူလမ်းခွဲဖို့ပြောခဲ့တဲ့အချိန်တုန်းကရော။
ဒါပေမဲ့ သူကကျွန်တော့်အနားကနေထွက်သွားဖို့ပဲစဥ်းစားနေတာ။
အဲ့ဒါကြောင့် သူနဲ့အတူထွက်သွားဖို့လုပ်ခဲ့တာပါ။ သူ့ကိုဘယ်သူမှမမြင်နိုင်တဲ့တစ်နေရာကို ကျွန်တော်တို့အတူထွက်သွားဖို့လုပ်ခဲ့တာ။ ခင်ဗျားတို့သာမကယ်ခဲ့ရင် ကျွန်တော်အခုသူနဲ့အတူရှိနေလောက်ပြီ"
"မင်းဟာသေဆုံးသူယန်းဂျောင်ဝန်းကို အိပ်ဆေးပမာဏအများကြီးသုံးခဲ့တာကြောင့် ရေထဲမကျခင်အချိန်ကတည်းက သူဟာသေဆုံးဖို့ 50 ရာခိုင်နူန်းရှိနေခဲ့တာ။ မင်းတို့နှစ်ယောက်လုံးကိုအတူတူကယ်တင်နိုင်ခဲ့ပေမဲ့ အိပ်ဆေးအများအပြားသုံးထားတဲ့ယန်းဂျောင်ဝန်းကအခင်းဖြစ်ပွားရာနေရာမှာပဲ ဆုံးပါးသွားခဲ့တယ်"
"အဲ့ဒါကြောင့် ခင်ဗျားတို့ကိုမကယ်ခဲ့ဖို့ပြောတာ။ ကျွန်တော်က ဂျောင်ဝန်းနဲ့အတူသေဆုံးသွားဖို့ဆန္ဒရှိခဲ့တာ"
"ဒီခွေးကောင်...."
သေဆုံးသူဂျောင်ဝန်းရဲ့သတို့သားလောင်း နီခီသည်တစ်ဖက်အခန်းထဲမှ ပတ်ဂျုံဆောင်းကို ထိုးကြိတ်ပြီးသတ်ပစ်ဖို့အတွက်အထဲဝင်ရန်ပြုပေမဲ့ ရဲတွေကတားတာကြောင့်သူမဝင်ခဲ့ရ။
နီခီသည်ထိုအခန်းရဲ့အပြင်ဘက်ကိုထွက်ပြီး နံရံကိုမှီကာအားပြတ်ကာထိုင်ချမိသည်။ တစ်လဆိုတဲ့ကာလလေးဆိုပေမဲ့ သူအရမ်းချစ်တဲ့သူမို့ လက်ထပ်ဖို့အထိ လုပ်ခဲ့တာဖြစ်သည်။