Unicode
I have fallen in love with my spouse!
Chapter.13🔞
သူတို့စားသောက်ဆိုင်ကိုရောက်တော့လူစုံစပင်ပြုနေပါပြီ။
''ဆောရီးဗျာ...ကျွန်တော်နောက်ကျသွားတယ်''
''ရပါတယ်...အန်ကယ်တို့လည်းအခုမှရောက်တာ မင်းအဖေကမင်းကိုကိုယ်စားလွှတ်လိုက်မယ်ပြောထားတယ်...လူကြီးတွေကြားမှာမင်းလိုလူငယ်တစ်ယောက်ကနေတတ်ပါ့မလားပဲ''
''နေတတ်ပါတယ်အန်ကယ်''
''အဲဒါဆိုအစားအသောက်လေးတွေချခိုင်းလိုက်တော့မယ်နော်''
''ဟုတ်ကဲ့ပါဗျ''
သူရယ် ဖေဖေနဲ့ရွယ်တူလောက်ရှိသောအမျိုးသားငါးဦးရယ် အတူတကွစားကြသောက်ကြရင်းနဲ့လုပ်ငန်းအကြောင်းတွေပါပြောဖြစ်ခဲ့ကြသည်။
ဒီလူတွေကသူတို့လိုစီးပွားရေးလုပ်ငန်းနယ်ပယ်ထဲကဖေဖေ့အသိမိတ်ဆွေတွေပါ။
ဖေဖေကသူ့ကိုလူပေါင်းဆံ့ပြီးပေါင်းတတ်သင်းတတ်ပြောတတ်ဆိုတတ်အောင်လို့အခုလိုတစ်ယောက်တည်းလွှတ်တာဖြစ်မည်။သူတို့အချိန်တစ်ခုကြာသည်ထိစားကြသောက်ကြအပြီး အစားအသောက်တွေလည်းကုန်ခါနီးမှာ တိမ်ငွေ့မြူက...
''ကိုတည်...မြူtoiletခဏသွားဦးမယ်''
ဟူ၍သူ့အနားကပ်ကာပြောလာလေ၏။
သူဘာမှပြန်မပြောလိုက်ပါ။
တိမ်ငွေ့မြူတစ်ယောက် နေရာကနေခပ်သုတ်သုတ်ထွက်လာခဲ့ပြီး အကွယ်တစ်နေရာအရောက်မှာပိုက်ဆံအိတ်ထဲကလက်သန်းလောက်ပုလင်းလေးအားအမြန်ထုတ်လိုက်သည်။
ထိုစဥ် ဝိတ်တာကောင်လေးတစ်ဦးကဝိုင်ခွက်တွေတင်ထားတဲ့ဗန်းလေးကိုကိုင်ကာသူမအနားဖြတ်သွား၍ သူမအမိအရလှမ်းခေါ်လိုက်၏။
''ဟိတ်...အဲဒါကစားပွဲနံပါတ်59ကမှာထားတဲ့ဟာလား''
''ဟုတ်ပါတယ်ဗျ''
''ကျွန်မကိုပေး...ကျွန်မယူသွားမယ်...ကျွန်မကသူတို့နဲ့အတူလာတာ''
''ဖြစ်ပါ့မလား ကျွန်တော်ပဲပို့ပေးပါမယ်''
''ပေးဆိုပေး လျှာမရှည်နဲ့''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်