အခန်း (၁၇ )

211 24 3
                                    


Gem သည် Fot ၏ စကားများကို ကြားသောအခါ နှလုံးသားသည် တရိပ်ရိပ်နှင့် ခုန်လာခဲ့သည်။ မူးနေသော Fot ၏ စကားများသည် ဘယ်လောက်ရာခိုင်နှုန်း မှန်သည်ကို မသိနိုင်သော်လည်း Gem သည် Fot ၏ ခံစားချက် တစ်ချို့ကို ကြားလိုက်ရသော ကြောင့် သူသည် စိတ်လှုပ်ရှားလာခဲ့သည်။ သူသည် Fot ကို တိုးတိုးလေး ကပ်ကာ ခေါ်လိုက်သည်။

"Fot ... Fot... မင်းငါ့အပေါ် ဘယ်လိုခံစားရလဲ ငါ့ကို ဘယ်လို လိုချင်တာလဲ သူငယ်ချင်းအနေနဲ့လား"

Gem သည် Fot ၏ အဖြေကို စိတ်လှုပ်ရှားစာဖြင့် စောင့်နေမိသည်။

သူ၏ အမေးကြောင့် မျက်လုံးများကို မှိတ်တော့မည့် Fot သည် ချက်ချင်းပင် ခေါင်းထောင်လာသည်။

"မင်းကလေ တော်မလိုနဲ့ အရမ်းတုံးတာ သိလား.. ငါက မင်းနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး... ချစ်သူ ဖြစ်ချင်တာ ဟီးး ဟီးး"

Fot၏ အသံများသည် လေးတွဲလျက်ရှိပြီး ပြောလဲပြော ရယ်လဲရယ်နေခဲ့သည်။ ထို လေးတွဲတွဲFot ၏ စကားများကြောင့် Gem ၏ နှုတ်ခမ်းများသည် အနည်းငယ်ဟသွားခဲ့သည်။ သူ မထင်ထားသည့် စကားလုံးများပင်. ။အမူးသမားလေး Fot ကတော့ ဆက်ကာ ပြောနေခဲ့သည်။ Fot  သည် သူ့ကို ရီဝေစွာ ကြည့်လျက် ရုတ်တရက် Fot ၏ လက်ညိုးသည် သူ၏ နှုတ်ခမ်းထက်သို့ လာတင်သည်။

"ငါကလေ ဒီနေရာကိုလဲ နမ်းချင်တာ"

ထိုနောက် Fot သည် စိတ်အလိုမကျစွာ နှုတ်ခမ်းကို ဆူလိုက်ပြန်သည်။

"ဒါပေမဲ့ ငါက နူးနူးညံညံလေး လိုချင်တာ... မင်းက ငါ့ကို မုန်းနေတာမလား... မင်းက ငါ့ကို မနမ်းချင်ပါဘူး မင်းက ငါ့ကို နာစေချင်နေတာ မင်းအဲ့လို နမ်းတာ ငါအရမ်း ခံစားရတာပဲ"

ထိုသို့ပြောပြီး Fot သည် သူ၏ ပုံခုံးပေါ်သို့ ပြန်လဲကျသည်။ Gem သည်သာ Fot၏ စကားများကြောင့် ငေးကြောင်လျက်ရှိသည်။ 

Fot သည် သူ့ကို နမ်းချင်ပါသည် တဲ့။

သူ၏ ပုံခုံးပေါ်တွင် မျက်လုံးတွေ ပိတ်လျက်ရှိသော Fot ၏ ပုံခုံးကို သာသာလေး လှုပ်ကာ ခေါ်လိုက်သည်။

" Fot .. Fot.. မင်းခုနက ပြောတဲ့စကားတွေက ဘာအဓိပ္ပာယ်လဲဟင်... မင်းငါ့အပေါ် ဘယ်လိုခံစားချက်ရှိတာလဲ..."

ANYMORE  (Gemfourth)Where stories live. Discover now