Title - 没有人像你 (No one like you)
author - 岁见
Episode - 67+ (3 extra)Sensitive girl x God's favored child
Secret love/School transition to city/HE/Slow heat
"တစ်ဖက်သတ်အချစ်က နာကျင်ရတယ်... နွေရာသီရဲ့ လေညင်းလေးလိုပဲ ကြားရတာ သာယာသလိုနဲ့ တိုက်ခတ်လာတော့ ပူလောင်အိုက်စပ် ခြောက်ကပ်ကပ်နဲ့... နွေရာသီလဲ အဆုံးသတ်သွားသလို ... ငါလဲ နင့်ကို သဘောမကျတော့ဘူး..."
ချန်ရိနဲ့ ရွမ်မြန်ဆိုတဲ့ကောင်မလေးရဲ့အကြောင်း💕
အပြင်မှာတော့ တစ်ဖက်သတ်အချစ်က ဇာတ်သိမ်းလှဖို့ ခက်ပါတယ် မိန်းကလေးဘက်ကနေ ချစ်နေရတာမျိုးဆို ပိုဆိုးတာပေါ့
ရွမ်မြန်ဆိုတဲ့ကောင်မလေးက မိဘတွေရဲ့ ကွာရှင်းမှုကြောင့် အမေဖြစ်သူနောက် လိုက်နေဖို့ ဖြစ်လာခဲ့တယ် အမေဖြစ်သူက နောက်အိမ်ထောင်ထပ်ပြုလိုက်တာမို့ အရင်နေတဲ့နေရာကနေ တခြားနေရာကို ပြောင်းရတော့တာပဲ စပြောင်းပြီးသိပ်မကြာဘူး အပြင်ထွက်ရင်း လမ်းမှားသွားတဲ့ ညခင်းတစ်ခုမှာ ချန်ရိဆိုကောင်လေးကို တွေ့ဆုံခဲ့ရပြီး တစ်ဖတ်သတ် ချစ်မိသွားရတယ်
ကံတရားလို့ပဲ ပြောရမလား ချန်ရိက ရွမ်မြန်သွားတက်ရမဲ့ ကျောင်းမှာ တက်နေတဲ့သူ ဖြစ်နေတာပဲ ကျောင်းတူ အတန်းတူ အခန်းတူပေါ့ ချန်ရိဆိုတာက ကောင်ကင်ဘုံရဲ့အချစ်တော်လေးလို့ပြောရမယ် စာလဲတော် ရုပ်ကချော မိဘအသိုင်းအဝိုင်းကလဲ အဖေဘက်ကဆို ပညာတက်အသိုင်းအဝိုင်း အမေဘက်က စစ်တပ်အသိုင်းအဝိုင်းနဲ့လူ ချစ်သူခင်သူကလဲပေါပေါ့ ရွမ်မြန်ကကြ မိဘနှစ်ပါးကြောင့် နဲနဲလေးတော့ အားငယ်နေတဲ့သူ ရိုးရိုးအေးအေးနဲ့ မထုံတက်သေး ပုံစံလေး အဲ့လိုဆိုလို့ အနိုင်ကျင့်တိုင်းခံရမဲ့ပုံလေးမဟုတ်ဘူးနော် သူက ပက်ခနဲ ပြန်ပြောတက်ပါတယ် ချန်ရိေရှ့မှာသာ မဝံ့မရဲနဲ့ ဘာမှမပြောရဲ ဖြစ်နေတာရယ် စာဆိုလဲ သိပ္ပံဘက်မှာ တော်ပေမဲ့ တရုတ်စာနဲ့ အင်္ဂလိပ်စာမှာ တော်တော် အားနည်းတယ် ဆရာမက ရွမ်မြန်ကိုခေါ်ဆူတဲ့အချိန် ချန်ရိအလာနဲ့အတွေ့ ဆရာမက ချန်ရိကို စာကူပြပေးဖို့ပြောတယ် ချန်ရိက ကူပြပေးပါတယ် ဒါပေမဲ့ သူကိုယ်တိုင် ပြပေးတာမျိုးမဟုတ်ဘဲ သူ့အဘွားနဲ့ရွမ်မြန်ကြား ကြားခံအနေနဲ့လုပ်ပေးတာ ဒါကို ရွမ်မြန်ကတော့ မသိပါဘူး
YOU ARE READING
All about novel
Randomဖတ်ဖူးခဲ့တဲ့ ဝတ္ထုလေးတွေအတွက် ရေးမိရေးရာ review လေးနဲ့ ခံစားချက်တစ်ချို့