(Unicode)
"ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ offroad"
"မလိုပါဘူး ကိုယ့်ဘာသာပြန်တတ်တယ်"
"လာပါ တက် ကားပေါ်"
"တော်ပြီ ကျွန်တော်ဆိုင်ကယ်ပါတယ်"
"ဒါဆို မင်းဆိုင်ကယ်နဲ့ပြန်မယ်လေ လာ"
"ခင်ဗျား ကျွန်တော့်ဆိုင်ကယ်နဲ့လိုက်တော့ အပြန်ကြ ဘာနဲ့ပြန်မှာလဲ"
"မပြန်ဘူး မင်းဆီမှာအိပ်မှာ"
"ပေါက်ကရတွေပြောပြန်ပြီ ဦးလေးနဲ့သွားတိုင်လိုက်မှာနော်"
"offroaddd...."
"အိမ်ထဲဝင်တော့ သွား"
"မဝင်ဘူး"
"ကျွန်တော် ဒီနေ့ပြန်ရအုံးမှာလား"
"ကိုယ်ပြောသလို နားထောင်လိုက်လေ"
"ဟုတ်ပြီ လိုက်ခဲ့ပေါ့ အခန်းထဲတော့ပေးမဝင်ဘူး"
"ကိုယ့်ကိုတားလို့မရပါဘူး"
***"offroad အာ ဒီဘက်က daouမလား"
"ဟုတ်"
"ယွန်း နင်နဲ့သူနဲ့ကသိနေတာလား"
"သူ့သူငယ်ချင်းနဲ့ငါကခင်တာ ဟိုနေ့ကမွေးနေ့ပါတီလာတယ်လေ နင်တို့ကရော ဘယ်လိုသိကြတာ"
"သူ့ညီကို ငါကဂိုက်ပြပေးရတာ"
"offroadကပြောတယ် ယွန်းစံအိမ်နဲ့သူက ရည်းစားတွေတဲ့ ဟုတ်လား"
"အယ် ပေါက်ပေါက်ရှာရှာ ငယ်သူငယ်ချင်းတွေပါ offroad နင်ဘာလို့အဲ့လိုပြောထားတာလဲ"
"မပြောပါဘူး ငါအခန်းထဲဝင်တော့မယ်"
"ကိုယ့်စောင့်အုံးလေ"
"မဝင်နဲ့ သွား"
daouအခန်းထဲအတင်းလိုက်ကပ်ဝင်လာသည် offroadဘာကိုစိတ်တိုနေမှန်းမသိဘူး သူ့အားစကားတစ်ခွန်းမှမပြောတော့ပါ
"ဘာကိုစိတ်တိုနေတာလဲ မင်းနဲ့သူနဲ့ ရည်းစားဟုတ်မဟုတ်မေးကြည့်လိုက်မိလို့လား"
"......"
"ကိုယ်တောင်းပန်ပါတယ်"
"ခင်ဗျားက သူနဲ့ကြ စကားပြောတာ ရိုရိုသေသေနဲ့နော်"
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်