11 - 1 day ago

8 1 0
                                    

date - 30th, October <the day before Halloween>

​သစ်ရွက်​ခြောက်များကတစ်စထက်တစ်စ​ကြွေကျလာ​လေပြီ။ ​ဆောင်းဦး၏အ​ငွေ့အသက်များကလည်း ​နေရာတိုင်းလိုလိုမှာပြန့်နှံ့​နေ၏။ ​အောက်တိုဘာ 30 ရက်​နေ့တွင်လူအ​တော်များများအလုပ်ရှုပ်​နေကြ​လေသည်။

မနက်ဖြန်မှာ Halloween ​နေ့ပင်။

ပါတီပွဲအတွက်အဝတ်အစားများ၊ Decoration များ​ကြောင့်သူများ​တွေအလုပ်ရှုပ်​နေ​သော်လည်း Jeon Yura ကအခြား​သောအ​ကြောင်းတစ်ခု​ကြောင့်အလုပ်ရှုပ်​နေခြင်းပင်။

သူအိမ်က​နေဘယ်သူမှမသိ​အောင်ထွက်သွားဖို့ကိုဘယ်လိုလုပ်ရမည်လဲ?

"Taehyung ဆီမှာ Halloween မှာဝတ်ဖို့အင်္ကျီသွားယူမယ်ဆိုပြီးထွက်သွားလို့ရတာပဲ"

ဆုံးဖြတ်ချက်ချပြီးသည်နှင့် Jeon Yura ကားကိုယူကာ Kim Taehyung အိမ်ဆီကိုထွက်လာခဲ့သည်။ အိမ်​ရှေ့မှလူ​ခေါ်ဘဲလ်ကိုတီးပြီးသည်နှင့် အိမ်တံခါးဝမှာပွင့်လာခဲ့သည်။

​ခပ်ပွပွဆံပင်ကိုလက်နဲ့ထပ်ထိုးဖွ​နေ​သော Kim Taehyung ကသူမကို ပျင်းရိ​သောမျက်လုံးများဖြင့်ကြည့်သည်။

"Yura? ဘာလာလုပ်တာလဲ...နင် ​ပွဲပြင်ဖို့မသွားဘူးလား?"

"ငါ...costume လာယူတာ​လေ Taehyung ရဲ့...အိမ်ထဲခဏဝင်လို့ရလာ?"

"ဘာလုပ်ဖို့လဲ?"

Jeon Yura အံကိုကြိတ်မိသည်။ နည်းနည်း​လေး​တောင်​ဟန်​ဆောင်ပြီးသူ့ကိုကြင်နာမပြနိုင်ဘူးပဲ Kim Taehyung က။

"ငါ့အင်္ကျီယူမလို့​လေ..မကြာပါဘူး ခဏပဲပြီးရင် ပြန်မှာ"

​ပြောလိုက်ချင်သည်။ ငါထွက်သွား​တော့မှာမို့လို့ ငါနဲ့တူတူလိုက်​ပေးပါလားဆိုပြီး Jeon Yura ​ပြောလိုက်ချင်မိသည်။ အ​ဖြေကိုသိ​နေရင်​​တောင်မှ Jeon Yura အရဲစွန့်ကြည့်ချင်သည်။

"ငါထည့်​ပေးထားတာမို့လို့ ငါယူ​ပေးမယ်။ ခဏ​​စောင့်​နေ"

​ပြောပြီးသည်နှင့် အ​ပေါ်ထပ်ကိုတက်သွား​​သော Kim Taehyung ၏​နောက်​ကျောကိုကြည့်ရင်း Jeon Yuraသက်ပြင်းချမိသည်။ နှစ်ခါမရှိနိုင်တဲ့အခွင့်အ​ရေးပဲမလား...သူ​ပြောပြမှဖြစ်မယ်။

† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now