မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)part6

1.4K 35 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ(unicode)

(အခန်း၆)

"ဖွဲ့ လာ..ပြေးရအောင်"

"....."

"ဖွဲ့ မောင့်လက်ကိုဘယ်တော့မှမလွှတ်နဲ့နော်"

"...."

"ဖွဲ့..မင်းဘာမှမဖြစ်ရဘူးနော် မောင်ကမင်းကိုကာကွယ်ပေးမှာ!!..."

ရုတ်တရက် ခေါင်းထဲတိုးဝင်လာသည့်
ထိုမှတ်ဥာဏ်များဟာ ဘာတွေလဲ။

တစ်ကယ်ပဲ ဖွဲ့နွှဲ့မမှီနဲ့သူက
သိပ်ချစ်ခဲ့ကြတာလား။

"နင်ဘာဖြစ်လို့လဲဟင်..အဆင်ပြေလား"

စကားပြောနေရင်းဖြင့်နထင်ကိုထောက်ကာ
မျက်ဝန်းများကိုမှိတ်ထားရင်း
တစ်ခုခုဖြစ်နေသည့်ပုံမို့ ဖွဲ့စိုးရိမ်တကြီး
မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲလို့ ဟင်...ဘာဖြစ်လို့လဲ.."

မျက်နှာလေးကိုအတင်းဆွဲယူကာမေး
နေသည့် အယ်လီနာ့မျက်ဝန်းများဟာ
အတော်လေးစိုးရိမ်နေသည့်ပုံ။

သူ အယ်လီနာ့ကိုပြုံးပြလိုက်ရင်း
မျက်နှာလေးကိုထိကိုင်လိုက်ကာ

"ငါဘာမှမဖြစ်ဘူးနော်...ငါအဆင်ပြေတယ်
ခေါင်းထဲနည်းနည်းမူးလာလို့"

"ဟုတ်ရဲ့လား..တစ်ခုခုဖြစ်နေတာ
မဟုတ်ဘူးလား"

"အင်း တစ်ကယ်ဘာမှမဖြစ်ပါဘူး
စိတ်ပူလို့လား"

"အင်း စိတ်ပူတာပေါ့.."

သူအယ်လီနာရဲ့ခေါင်းလေးကို
ခပ်ဖွဖွပုတ်လိုက်ရင်း

"စိတ်မပူနဲ့နော် ငါတစ်ကယ်ဘာမှမဖြစ်ဘူး
နည်းနည်းမူးသွားရုံပဲ နားလိုက်ရင်
သက်သာသွားမှာ"

"အင်းပါ..ဒါဆိုလဲ အိမ်ပြန်ပြီး
နားလိုက်တော့နော်.."

"အင်း...ဒါနဲ့ ငါတို့ဘယ်ချိန်လောက်
ထပ်တွေ့ကြမလဲ ငါတော့ ဒီရက်ပိုင်း
မင်းကိုအရမ်းလွမ်းနေမိမယ်ထင်တယ်
အယ်လီနာ.."

သူ့စကားကြောင့် ဖွဲ့ကြည်နူးစွာ
ပြုံးလိုက်ရင်းသူ့နှုတ်ခမ်းများကို
တစ်ချက်နမ်းလိုက်ကာ

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Where stories live. Discover now