Ch 13

380 32 14
                                    

(Unicode)

"မျက်နှာလည်းမကောင်းဘူး ခုနကတည်းက ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

"offroad ကိုယ့်ကိုမလိမ်နဲ့ ကိုယ်သိတယ် မင်းတစ်ခုခုဖြစ်နေတယ်ဆိုတာ"

"ဘာမှမဖြစ်ဘူး"

"ကိုယ်ကုမ္ပဏီခေါ်လာလို့ စိတ်ဆိုးနေတာလား"

"မဟုတ်ပါဘူး"

"ဒါဆို ဘာလို့လဲ ပြောလေ"

"ခုနက ကောင်မလေးက ကျွန်တော့်ရည်းစားဟောင်း"

"ဘာ!!!"

"ဘယ်သွားမလို့လဲ"

"အဲ့တစ်ယောက်ကို အလုပ်ထုတ်လိုက်ပြီလို့သွားပြောမလို့"

"မဆိုင်တာတွေ ထိုင်နေ"

"သူနဲ့ဘယ်တုန်းကတွဲခဲ့တာလဲ"

"ကျောင်းတုန်းကပါ ကြာလှပြီ ခဏပဲတွဲဖြစ်ခဲ့တာ"

"ကိုယ်နဲ့ရော ဘယ်တော့တွဲမှာလဲ"

"ဒီဘူတာပဲနောက်ဆုံးတော့"

"မေးတာဖြေပါ"

"ဖေဖော်ဝါရီ 30ရက်နေ့ကြရင်တွဲမယ်"

"အဲ့ရက်ကရှိမှမရှိတာ offroaddd အဲ့လိုမညစ်ပတ်နဲ့လေကွာ"

"ခင်ဗျား လိမ်လိမ်မာမာနေတဲ့အချိန်ကြတွဲမယ်"

"ကိုယ်က အခုဆိုးနေလို့လား"

"ဦလေးရယ် အန်တီရယ် ပြီးတော့ ဇွဲခေတ်လေးနဲ့ရောတည့်အောင်အရင်လုပ် မိသားစုဝင်အချင်းချင်းတွေပဲလေ စကားမပြောဘာမပြောမနေနဲ့ အလုပ်မှာလည်းသေချာကြိုးစား ပြီးရင်တွဲမယ်"

"ဇွဲခေတ်နဲ့ဒေါ်ပုလဲကေခိုင်တို့က ကိုယ့်မိသားစုဝင်တွေမှမဟုတ်တာ"

"မိသားစုဆိုတာ အရင်းဖြစ်နေစရာမှမလိုတာ အန်တီနဲ့ဇွဲခေတ်လေးက ခင်ဗျားအပေါ် ဒီလောက်ကောင်းတာကို မာနထားမနေပါနဲ့တော့ ခင်ဗျားမာနလျှော့လိုက်ရင်အကုန်ပျော်ရမှာကို"

"မသိဘူး မင်းအရင်ကိုယ်နဲ့တွဲ အဲ့ကြမှသူတို့နဲ့တည့်ဖို့စဉ်းစားပေးမယ်"

"ကျွန်တော်ပြောတဲ့အတိုင်းမလုပ်ရင် ဖေဖော်ဝါရီ30ကြမှ တွဲကြရုံပေါ့ ကိစ္စမရှိဘူးနော်"

ကိုယ့်အပိုင် (ongoing)Where stories live. Discover now