"နေ့ မင်း အ့လောက်မထည့်နဲ့ သယ်နိုင်မှာမဟုတ်ဘူး "
"......"
"နေ့ ငါဒီလောက်ပြောနေတာ အ့မုန့်ပုံးက ဘာလုပ်မို့လည် "
"ခများဘယ်လိုဖြစ်နေတာလည် လွမ်းသတ်တန့်ရောင်ခြည် ကျုပ်စားဖို့ သယ်သွားမှာပေါ့ "
"ငါခေါက်ထည့်လိုက်ရ "
"ခများနော် "
နေ့က ပြောကာ မျက်နှာ စူပုတ်စွာနဲ့ ကုတင်ပေါ် ခြေဆင်းကာ သွားထိုင်နေသည်။ မဟုတ်လည်း နေ့ထည့်သမျှကို သာလိကာလေးက ပြန်ထုတ်နေသည်မဟုတ်လား
အလွမ်း နေ့အိတ်ထဲက လိုအပ်တာလောက်သာ ထည့်ပေးပြီး ကျန်တာ အကုန်ပြန်ထုတ်နေရင်း
"အ့ ငါ့ကို စိတ်ဆိုးသွားတယ်ပေါ့ "
"မဆိုးပါဘူး ခများက အကြီးဘဲ ကြိုက်တာလုပ် "
နှုတ်ခမ်းကြီးဆူကာ ပြောနေတဲ့ နေ့အလင်းရောင်ကို ကြည့်ကာ အလွမ်းမှာ အသည်းယားလို့မဆုံး
သို့ပေမယ့်
"အ့ နှုတ်ခမ်းဆူထားတာ ပြင်လိုက်နော် နေ့အလင်းရောင် ငါက မလိုအပ်ဘဲ မင်းပင်ပန်းမှာဆိုးလို့ ပြောနေတာ "
"ခများ ကျုပ်ကိုမဆူနဲ့ "
နေ့က ကုတင်ပေါ်ကနေ အလွမ်းကို မကြည့်ဘဲ ပြောလာသည်။ မျက်နှာကတော့ ဆူပုတ်နေသည်ပေါ့။
အလွမ်း အဝတ်ထည့်ထားတဲ့ကျောပိုးအိတ်နဲ့ မုန့်ခြောက်အနည်းငယ်ရယ် ဆန်လေးဘူးရယ် ဖယောင်းတိုင်တစ်ထုပ်အမွှေးတိုင်တစ်ထုတ် ထည့်ထားတဲ့ အိတ်ကို ဘီဒိုရဲ့ အပေါ်မှာ တင်ထားလိုက်ကာ နေ့ဘေးဝင်ထိုင်လိုက်သည်။
"ငါက မင်းကို ဘာလို့ ဆူရမှာလည်း မင်းအခု သွားရမှာ တြိကြိုးတောင် ေလငါက သွားဖူးလို့ပြောြပနေတာ "
"........."
"အိပ်ရအောင် စောစောထရမှာ "
".........."
"ဝမ်းနည်းသွားတာလာ ကိုကို့ ရဲ့ နေ့နေ့လေးက "
အလွမ်း နေ့ဘေးဝင်လှဲကာ နေ့ကိုဖတ်လိုက်သည်။ ပြီးတော့ အလွမ်းရှေ့မှာရှိနေတဲ့ နေ့ရဲ့ ပါးလေးကို အသားဆွဲဖဲ့ကာ ပြောလိုက်သည်။