Unicodeရာသီတစ်ခုကုန်ဆုံးပြီး နောက်ထက်ရာသီဥတုအသစ်တစ်ခုသို့ကူးပြောင်းလာကာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးရင်း 5 လခန့်ကျော်လွန်လာတော့သည်။
ရာသီဥတု အချိန် နေ့ရက် ထိုအရာတွေပြောင်းလည်းသလို လူအချို့နဲ့အခြေအနေဟာလည်းပြောင်းလည်းလို့သွား၏။
"အားလုံးကို ဒီနေ့အသိပေးစရာတစ်ခုရှိလို့ အခုလိုဖိတ်ကြားလိုက်တာပါ"
အစည်းခန်းရဲ့စားပွဲထိပ်မှာထိုင်ပြီး ပျက်ပျက်သားသားအသံဖြင့် ထိုသို့စကားအစချီလိုက်ကာ အကုန်လုံးဟာလည်း ထိုသူရဲ့ထက်ထွက်လာမည့်စကားကိုအာရုံစိုက်စောင့်မျှော်လို့နေကာ ထိုသူမှာလည်း ဘာကိုမှစောင့်ဆိုင်းမနေပဲ စကားကိုတက်ပြောသည်။
"ကျွန်တော် ဒီနေ့ကစပြီး CEO ရာထူးကို တရားဝန်အနားယူပါတော့မယ်"
"ဟင်....ဟာ...ဘယ်လိုဖြစ်တာလဲ"
ဝဿန်စကားကိုကြားပြီး အကုန်လုံးဟင်တွေဟာတွေဖြစ်ကုန်ကာ တီးတိုးပြောနေကြသည်။ ဒါကိုလည်းဝဿန်ကအရေးမစိုက်စွာ သူပြောစရာရှိတာကိုဆက်ပြော၏။
"ကျွန်တော်အခုလိုအနားယူတာ တခြားတော့မဟုက်ပဲ ကျွန်တော်ကျမ်းမာရေးကြောင့်ပါ။ ပြီးတော့ ကျွန်တော်နေရာမှာအစားထိုးဖို့ကိုလည်း ကျွန်တော်စီစဥ်ထားပြီးပါပြီ"
"မောင်ရင်က ဘယ်သူကိုအစားထိုးမှာလည်း"
"ကျွန်တော်ကကျွန်တော်ကြိုးစားခဲ့တဲ့ဒီကုမ္မဏီကို တဂယ်အရည်အချင်းရှိတဲ့သူလက်ထဲကိုပဲထည့်မှာပါ"
သူတို့စီးပွားရေးအကျိုးအမြတ်ကိုပဲအမြဲကြည့်တက်တဲ့ လူအိုကြီးရဲ့မယုံကြည်တဲ့မျက်လုံးတွေကို ဝဿန်ထိုစကားလုံးတွေနဲ့တုန့်ပြန်လိုက်သည်။
"ကျွန်တော် စကားတွေအများကြီးမပြောချင်တော့ဘူး လိုရင်းပဲပြောကြရအောင်......ကျွန်တော်အနားယူပြီး ကျွန်တော်နေရာအစားထိုးမဲ့သူကတော့ ဟော့ဒီက မေရီကို ပါပဲ"
ဝဿန် သူ့ဘေးကိုလှည့်ကြည့်ပြီးပြောလိုက်တော့ အကုန်လုံဟာအံ့ဪမှင်သက်သွားကာ ထိုအထဲမေရီလည်းအပါအဝင်ဖြစ်သည်။
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်