အပိုင်း ( ၁၂ )

359 34 12
                                    


ဝရံတာတွင် ဂျီမင်းကို ရင်ခွင်ထဲထည့်ကာ တိမ်တွေကိုငေးနေတဲ့ဂျောင်ကု ။ ရင်ခွင်ထဲမှ ကိုယ်ငယ်လေးဟာ ဘာကိုအလိုမကျလဲမသိမျက်နှာလေးက တင်းနေသည် ။

JM " မောင် ငါ့ကို တကယ်မချစ်ဘူးလား "

JK " မချစ်ဘူး "

JKရဲ့ မချစ်ဘူးဆိုတာက စနောက် နေခြင်းမဟုတ် ။ အတည်ပြောခြင်းသာဖြစ်သည် ။

ဂျီမင်းမျက်နှာလေး ဆူပုပ်သွားပြီး နှုတ်ခမ်းလေးထော်လာကာ

JM " ဒါဆို ငါလဲ မောင့်ကို မချစ်ဘူး "

JK " ဘာပြောတယ် "

JM " မောင်မှဂျီ့ကို မချစ်တာ ၊ ဂျီလဲ မောင့်ကို မချစ်တော့ဘူးလေ "

JK " မရဘူး ! , မောင်မချစ်လဲ မောင့်ဂျီမင်းက မောင့်ကိုချစ်ရမယ် "

ဂျီမင်း မျက်နှာလေးဆူပုပ်သွားပြီးနှုတ်ခမ်းလေးတထော်ထော်လုပ်ကာ

JM " ဂျွန်ဂျောင်ကု !! ဂျီ့ကို အနိုင်မကျင့်နဲ့နော် "

JK " မောင့်ဂျီမင်းတို့ကတော့ အပစ်ပေးခံချင်နေပြီထင်တယ် "

ထိုအခါမှ မျက်နှာလေးပြုံးဖြီးဖြီးလေးနဲ့ ဂျောင်ကုဘက်ကိုလှည့်လာကာ

JM " ဟီး" မောင်"

JK " အင်း "

JM " ဟိုလေ ဟို "

JK " အင်း ဘာဖြစ်လဲ "

JM " ဂျီတို့ကျောင်းလဲမပြီးသေးဘူးလေ ၊ ပြီးတော့ မေမေလဲ ဂျီ့ကိုအရမ်းစိတ်ပူနေမှာ "

JK " မနက်ဖြန် မင်းကို ယောက္ခမ‌ကြီးဆီ ပြန်အပ်ပြီး စေ့စပ်ကြမယ် "

JM " ဟင် အဲ့လောက်မြန်မြန်ကြီးလား "

JK " တစ်ခါတည်း လက်ထပ်ချင်တာ "

JM " ဟာ ဂျောင်ကုကလဲ "

ရှက်သွားတယ်ထင်ပါရဲ့ ။ပါးလေးနှစ်ဖက် ပန်းရောင်လေးသန်းလာပြီး ဟိုဘက်ပြန်လှည့်သွားတယ် ။ပြီးတော့ ဂျောင်ကုရင်ခွင် ပြန်မှီပြီး ‌တိမ်လေးတွေကို ကြည့်နေလိုက်သည် ။

JK * ရုပ်ဆိုးကောင်က သေချာကြည့်လေ ချစ်ဖို့ကောင်းလေပါလား ၊ သူနဲ့တွေ့ရင် ဘာလို့ရင်တွေခုန်နေရတာလဲ ၊ ကျစ် ! သူ့အသားအရေကလဲ ဘာလို့ နူးညံ့အိစက်နေရတာလဲ ၊ တကယ်ဆို သူက အရမ်းလှတယ် *

ရုပ်ဆိုးကောင် Where stories live. Discover now