Part-1

87 19 0
                                    

Window seat ကနေတစ်ဆင့်မြင်နေရတဲ့တိမ်လွှာဖြူဖြူတွေကိုငေးကြည့်နေတဲ့ဆယ်ကျော်သက်အမျိုးသားလေးတစ်ယောက်ဟာသူ့ရဲ့အိမ်မက်တွေအတိုင်းသူအဖြစ်ချင်ဆုံးဆန္ဒအတိုင်းRome မြို့ကြီးကိုမြင်ရဖို့အတွက်အလွန်စိတ်လှုပ်ရှားနေပါတယ်။

"Signori, vi preghiamo di allacciare la cintura di sicurezza prima disbarcare."

အီတလီဘာသာစကားနဲ့announced လုပ်ပြီးတဲ့အချိန်မှာတော့သူစိတ်လှုပ်ရှားသွားခဲ့ပြီးတော့အပြင်ဘက်ကိုငေးနေမိပါတယ်။သူရဲ့အိမ်မက်တွေတကယ်ဖြစ်လာတော့မယ်ဆိုတဲ့စိတ်ကူးနဲ့တင်သူ့ကိုပျော်ရွင်သွားစေခဲ့ပါတယ်။
ရောမမြို့ရဲ့လေဆိပ်ဖြစ်တဲ့ Leonardo da Vinci Rome Fiumicion Airport ကိုရောက်တဲ့အချိန်မှာတော့သူရောမမြို့ရဲ့လတ်ဆက်တဲ့လေကိုတစ်ဝကြီးရှုလိုက်ပါတယ်။ပြီးတော့agency ကarranged လုပ်ပေးထားတဲ့ travel bus ကြီးထဲကိုဝင်သွားခဲ့ပြီးတော့သူနေရမဲ့Hotel ကိုလိုပ်ပါသွားပါတော့တယ်။ဟုတ်ပါတယ်သူ့နာမည်ကJeon Wonwoo Tourist တစ်ယောက်Social Media မှာလည်းနာမည်ကြီးတယ်။ဒါပေမဲ့သူအခုသွားသမျှခရီးတွေအကုန်လုံးAgency စီစဉ်ပေးမှုနဲ့ပဲသွားနေခဲ့တာလား။ဒါတော့မဟုတ်ပါဘူး။သူပိုင်တဲ့Agency ပေါ့။သူကိုယ်တိုင်လဲခရီးသွားတာဝါသနာပါတဲ့အတွက်ကြောင့်Agency တစ်ခုဖွင့်ထားတယ်။သူကတော့ငယ်စဉ်ကတည်းကသူ့အဒေါ်ရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့တာပါ။သူမိဘတွေကတော့သူ့အသက်၅နှစ်အရွယ်မှာပဲaccident တစ်ခုကြောင့်ဆုံးပါးသွားခဲ့ကြတယ်။အဲနောက်ပိုင်းသူ့ကိုသူ့အဒေါ်ကပဲကျွေးမွေးစောင့်ရှောက်လာခဲ့တယ်။

"Buon pomeriggio "
(Good Afternoon)

သူအတွေလွန်နေတာအခုတော့သူHotel ကိုတောင်ရောက်နေပြီပဲ။တွေးလက်စကိုမြန်မြန်အဆုံးသက်လိုရင်းသူပြန်နှုတ်ဆက်လိုက်တယ်။

"Buon pomeriggio "
(Good Afternoon)

သူတို့ကိုနားမဲ့အခန်းလိုက်ပို့ပြီးတော့ဝန်ထမ်းတွေပြန်သွားခဲ့တယ်။Wonwooတစ်ယောက်ရေမိုးချိုးကာနားဖို့ပြင်လိုက်တယ်။

.......................................................................

"Hello, Mingyu မင်းဘယ်တော့ပြန်လာမှာလဲ"

Our love is started in ROMEWhere stories live. Discover now