အပိုင်း ၅

142 13 1
                                    

Pလို့ ရေးတာက ပိုအဆင်ပြေတယ်လို့ ညီမလေးတယောက် မန့်ပေးလို့ Pလို့ပဲ ရေးပါမယ်နော်။ မန့်ပေးတဲ့ ညီမလေးရေ။ ကျေးဇူးပါ။

အကြွေးမရှိသော Anon သည် ကုဒ်မိသားစု၏ တရားဝင်ဖြစ်လာခဲ့တာ တစ်ပတ်နီးပါးရှိပြီဖြစ်သည် ပျော်ရွှင်မှုမှာ မှေးမှိန်သွားခြင်းမရှိဘဲ တိုးလို့သာလာသည်။ ကားပျက်သွားတာအတွက်လဲ စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့်ဆိုသော် Over the Moonရဲ့ အဖေ'Arkဖြစ်သူက ချက်ချင်း P'Arcကို ကားအသစ်တစီး ဝယ်ပေးထားပြီးလို့ပါပဲ။

/အို ဘုရားရေ။ မတော်တဆ P'Arcက သူ့ကွန်ဒို လိုက်ကာကို ဖျက်စီးမိရင်တောင် သူ့မိဘတွေက သူ့ကို ကွန်ဒိုအသစ် ဝယ်ပေးမှာလား။ ဘယ်လောက်တောင် ချမ်းသာတဲ့ မိသားစုလဲ။/

ဒီနေ့နေ့လည်ခင်းမှာ P'Jepun က Calculus စာအုပ်တွေ နဲ့ မှတ်စုတွေကို လာယူခိုင်းသည်။ ဒါပေမယ့် သူက အပြန်ပြန်အလှန်လှန်ရှာပြီးတဲ့နောက်  တချို့စာအုပ်တွေကိုပဲ ရှာတွေ့တာကြောင့် အဆောင်ရှေ့က ကော်ဖီဆိုင်မှာ စာအုပ်တွေကို လာယူခိုင်းထားသည်။

"Arm" ငါ့နာမည်ခေါ်သံကြားတာကြောင့် အသံလာရာဆီကို မော့ကြည့်လိုက်သည်။

"အိုး။" အဲ့ဒါက Arc ပဲ။ သူတစ်ယောက်တည်းလာနေတာ ဆိုပေမယ့် အားလုံးရဲ့ အကြည့်က သူ့ဆီကိုရောက်သွားပြီဖြစ်သည်။

ဘယ်လောက်တောင်hotတဲ့လူလဲ။
သူ့ အမွေးတွေရှိတဲ့ခြေထောက်တွေကို မြင်ရင်တောင် မိန်းကလေးတွေက ခိုက်သွားလောက်မယ် တကယ်ကို ငါမနာလိုဖြစ်မိတယ်။

"မင်း ဒီမှာဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ပါဘူး" အစ်မJepunက သူ့ calculus စာအုပ်ကို ကျွန်တော့်ဆီ ယူလာပေးမယ်ဆိုလို့ စောင့်နေတာ"

"သူမလာဘူး။ ငါ့ကို မင်းဆီကို စာအုပ်လာပို့ပေးဖို့ ပြောလိုက်တယ်။"

"ဟင်!?" P'Arcက ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး calculus ပထမစာအုပ်ကို လှမ်းပေးလာသည်။ သူ့ရဲ့ ဒီလို ကြင်နာမှုအပေါ်တဲ့စိတ်ဆိုးစရာတော့ မရှိပါဘူး။

"ဒီစာအုပ်က ကောင်းတယ်။ နားလည်ရလွယ်တယ်။ စာမေးပွဲအတွက် လေ့ကျင့်ခန်းတွေ ပါတယ်။ စာအုပ်က ပထမအတွဲ နဲ့ဒုတိယအတွဲနှစ်အုပ် ရှိတယ်။"

Perfect 10 liner( Myanmar translation)Where stories live. Discover now