" ဒီနေရာကို လာရဲတယ်ပေါ့ဟုတ်သလား "
အံကိုတင်းတင်းကြိတ်ပြီး မျက်လုံးရဲရဲတွေနဲ့ဆောင်းဟွန်းပုံစံဟာ အင်မတန်မှကြောက်စရာကောင်းနေတဲ့ပုံစံဖြစ်နေပေ့မဲ့ ထုံစံအတိုင်း အဆိုးအဆာလေးကလဲ မထီမဲ့မြင်ဟန်နဲ့လှေကားအတက်ကျောက်နံရံကိုမှီပြီး မမှိတ်မသုန်သေချာကြည့်လိုက်သည်။
" မလာရဲရအောင်ဒီလမ်းကဘာဖြစ်နေလို့လဲ အများပြည်သူပိုင်လမ်းအဲ့ထဲက အများပြည်သူဖြစ်တဲ့ငါကလဲလာချင်လာမယ် မလာချင်မလာဘူးပေါ့ "
" စောက်ရှက်မရှိဘူးဘဲ ဂျပန်မှာရှက်ကြောဖျတ်လာပုံရတယ် "
"အို...မင်းတောင်လူ့အရိပ်အကဲကြည့်တတ်လာပြီးဘဲ "
နွေဦးမှာထားခဲ့သူကဆောင်ဦးမှာပေါ်လာခဲ့တယ် ပေါ်မဲ့ပေါ်လာတော့သူရပ်ကွက်ထဲကလမ်းထိပ်မှာတဲ့ တနည်းအားဖြင့်ပြောရရင်သူအိမ်ကိုသွားမဲ့လမ်းရဲ့လှေကားအတက်နားမှာပေါ့။
"မင်းစောက်လုပ်မရှိရင် ငါနဲ့အနီးအနားမှာပေါ်မလာနဲ့ကင်ဆောနူ မင်းမျက်နှာမြင်ရတာနေလိုမီးလိုပူတယ် ငါ့ဘက်ကဘာတွေမှပြန်တွေးပြီးသူများလို့သူငယ်ချင်းလဲပြန်မဖြစ်ချင်ဖူး မင်းဆိုတာငါ့ဘဝမှမရှိခဲ့သလို ဖျတ်ထုတ်ပစ်လို့ရရင်ငါဖျတ်ထုတ်ပစ်မှာသိလား "
ဆောင်းဟွန်းဘက်ကသာတစ်ခုပြီးတစ်ခုပြောနေပေ့မဲ့အဆိုးအဆာလေးကတော့ ပေတေတေမျက်နှာထားဖြင့်သရော်သလိုအပြုံးတစ်ခုနဲ့အေးဆေးနံရံကိုမှီပြီးဘောင်ဘီအိတ်ထဲလက်ထည့်ထားလေသည် အဲ့သည်ပုံကိုကြည့်ကာ ပို၍စိတ်တိုရသူကတော့ဆောင်းဟွန်းပါဘဲ။
" မေမေနေကောင်းလား "
ဆောင်းဟွန်းအံဩမိသည်မှာအမှန်ပါဘဲ လုံးဝအားနာစိတ်တစ်စက်ကလေးမှမရှိ မေမေ့ကိုမေးရဲတဲ့သတ္တိကို ကိုးရီးယားနိုင်ငံမှာမှတ်ကျောက်တင်ချင်မိပါသေးသည်။
" အဟက် မင်းသတ်ခဲ့တဲ့ငှက်တွေတကယ်သေရဲ့လားမသေမရှင်ဖြစ်နေသေးရဲ့လားဆိုပြီးလာကြည့်တာလားကင်ဆောနူး "
လွဲတာပါဘဲ သူနဲ့ဆောင်းဟွန်းခြားကလွဲခဲ့တဲ့အရာတွေထဲဘယ်ကစမှန်းမသိပေ့မဲ့ သိလိုက်ရတဲ့အချိန်မှာတကယ်ကိုပြင်ဆင်ချိန်မရှိတော့ဘူးဆိုတာသိခဲ့ရတယ် ခုလဲဆက်ပြီးလွဲနေတော့တာပါဘဲလား။
YOU ARE READING
မောင့်အဆိုးအဆာလေး
Fanfictionမောင်စောင့်နေခဲ့ပါတယ် ဒီလူရင်ခွင်က ကလေးငယ်လေးအတွက်အမြဲတန်းကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်လေးချိတ်ထားစဲပါမောင့်အဆိုးအဆာလေးရယ်