Ep-6

659 76 25
                                    

ကိုက်ခဲနေတဲ့ခေါင်းနဲ့အတူ မျက်လုံးနှစ်ဖက်ဟာ
ပွင့်လာခဲ့သည်..။ ခမ်းနားတဲ့မျက်နှာကျက်နဲ့
အိစက်လွန်းနေသည့် မွေ့ယာကြောင့် ငါ့အိမ်မှာ
မဟုတ်ဖူးဆိုတာသိလိုက်ရသည်..။

ဘေးနားကိုလှည့်ကြည့်တော့ ဘယ်သူမှမရှိပါ..။
ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့လဲ အဝတ်အစား
မကပ်နေတာကြောင့် ခေါင်းဟာပိုပူသွားသည်..။

အဖြစ်အပျက်တွေကိုပြန်ပြီးစဉ်းစားကြည့်လိုက်တော့ မနေ့က..

" ကိုယ်လုပ်ပေးမယ် ဒါပေမယ့် ဒီမှာတော့မဖြစ်ဘူး.."

ဝတ်ထားသည့် အပေါ်ထပ်ကုဒ်အားချွတ်ပြီး
လာခြုံပေးလာသည့်သူ..။ ကလပ်ထဲကနေ
အပြင်ထွက်ပြီးတော့ ကားပါကင်ဆီသို့
ဦးတည်သည်..။

ကားပေါ်မှာရောက်နေမှန်းသိသော်လည်း အသိစိတ်ကတော့ ကပ်‌မနေပါ..။ တစ်ခုခုကို အရမ်းလိုချင်နေခဲ့သည်..။

" အင့်..ဟင့်.."

ညီးညူသံထွက်လာတော့ ကားမောင်းရင်းကနေ
လှည့်ကြည့်လာသည့်သူ..။

" ရောက်တော့မယ် ခဏလေး.."

ထိုလူ့ရဲ့အသံဟာလဲ မပြတ်သားပဲ ဝိုးတဝါးဖြစ်နေသည်..။ နားတွေအူနေသလိုခံစားနေရပြီး
ရူးတော့မလိုပဲ..။

ခဏလောက်ကြာတော့ ထိုလူရဲ့ ပွေ့ချီလာပြီး
တစ်နေရာကိုခေါ်သွားပေမယ့် မျက်လုံးတွေ
မှေးစင်းနေတာကြောင့် ဘယ်နေရာမှန်း
ငါမသိ‌ပါ..။

နောက်တော့ အိစက်စက် မွေ့ယာတစ်ခုပေါ်
ချပေးခြင်းကိုခံလိုက်ရသည်..။ တစ်ကိုယ်လုံး
ပူလောင်နေသလိုမျိုးခံစားရတာကြောင့်
ကိုယ်ပေါ်မှာရှိသည့် အဝတ်အစားတွေကို
ကိုယ့်ဘာ့သာဆွဲချွတ်နေမိသည်..။

ကုတင်ခြေရင်းကနေ ဘာလုပ်လို့ ဘာကိုင်ရမလဲ
မသိဖြစ်နေသည့် ထိုလူ့ကို မြင်ဖြစ်အောင်
မြင်လိုက်ပါသေးသည်..။

စိတ်မရှည်သည့်ငါကပဲ ထိူလူ့ရဲ့ necktie ကို
ဆွဲပြီး နီးကပ်အောင်ဖန်တီးလိုက်သည်..။

" ကျွန်တော့်ကိုပေး.."

" မဖြစ်ဘူး.."

" ဖြစ်..တယ်.."

Anything You Want Baby Where stories live. Discover now