"မောင် "
"ဗျာ "
အခုတလော သာလိကာလေးက နေ့ကို အရမ်းကပ်သည်။ နေ့ အိမ်မှာဘဲ သာလိကာလေးနား နေနေရတာ 7ရက်လောက်ရှ်ိပြီးထင်သည်။
အခုလည်း ညအိပ်ခါနီး နေ့ရင်ခွင်ထဲဝင်ကာ စကားတွေပြောနေသည်။
"ဟို ကဗျာ မောင်သိလား "
"ဘယ် ကဗျာလည်း ရောင်ခြည်ရဲ့"
"လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကြော့ဆုံးကိုမောင်မြင်တော့
သူဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး တဲ့ ဆရာ မင်းသုဝဏ်ရေးထားတာလေ "
"အမ်း ရောင်ခြည်ကဘာပြောချင်လို့လည် "
မောင်က အလွမ်းရဲ့ ရှေ့ဆံလေးတွေကို သပ်တင်ပေးရင်း ပြုံးကာမေးသည်။
"ငါလည်း မောင့်ကို အမြင့်မှာ ရှိတဲ့သူဖြစ်စေချင်တာ ခရေပန်းထက် နှင်းဆီပန်းလေးက လူမြင်တင့်တယ်ဆ်ိုရင် ငါက မောင့်ကို နှင်းဆီပန်းဘဝလေးက်ိုဘဲ ပိုင်ဆိုင်စေချင်တာ "
အလွမ်း မောင့်ရင်ခွင်ထဲကနေ မောင့်ပါးကို ခပ်ဖွဖွလေးထိကာ ဆိုသည်။
ထိုအခါ မောင်က အလွမ်းနဖူးကို ဖွဖွလေးနမ်းကာ
"ဒါသဘာဝဘဲလေ အချစ်ရယ်
ချစ်မိပြီးရင် ဖြစ်ထွန်းစေချင်ကြတယ်
အများကြီးအောင်မြင်စေချင်တယ်
အမြင့်မှာ ပျံသန်းစေချင်ကြတယ်
မှားခဲ့ရင်လည်း နားလည်ခွင့်လွတ်ပြီး
တည့်မတ်ပေးတဲ့ ရပ်ဝန်းမှာ ရှင်သန်ခွင့်ရစေချင်တယ် ပြီးတော့
ပျော်ရွှင်စေချင်တယ်လေ
ဒါက လူတစ်ယောက်ကို ချစ်မိရင် ဖြစ်ပေါ်လာတတ်တဲ့ အရာတွေပေါ့ ကိုယ်ကဘဲ ပေးမယ် သူပြုံးနေတာလေးမြင်ချင်တယ် အ့ကြောင့် ရောင်ခြည်ပြောတာကို မောင်နားလည်ပါတယ် "
(စာသားတစ်ချို့က dedeဖတ်ဖူးတာကနေ မှတ်မိတာတစ်ချို့ကို ပြန်ရေးထားတာပါ)